မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းနဲ့ သရက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်အုပ်စုထုတ်ကုန်ပစ္စည်း ရောင်းချမှုတွေကို စစ်ဆေးအရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေပေမယ့် အလေးမထားမှုတွေ ရှိနေသေးတဲ့အတွက် ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်-USBA တာဝန်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈၊ ၂၀နဲ့ ၂၃ရက်နေ့တွေက မင်းတုန်းနဲ့ သရက်မြို့နယ်အတွင်း ကျေးရွာတွေမှာ  စစ်အုပ်စုနဲ့ ပက်သက်တဲ့ ထုတ်ကုန်တွေ ရောင်းချရာနေရာတွေကို ဗမာပြည်ကာကွယ်ရေးတပ်-USBA နဲ့ မင်းတုန်းမြို့နယ် ပကဖတို့ ဝင်ရောက်စစ်ဆေးရင်း စစ်တပ်ထုတ်ကုန်တွေကို ဖျက်ဆီးအရေးယူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မင်းတုန်းမြို့နယ်ရှိ မင်္ဂလာဦး၊ ပေါက်ကိုင်းနဲ့ သရက်မြို့နယ်အတွင်းက တောမွန် ကျေးရွာတို့မှာ စစ်အုပ်စုထုတ်ကုန် ရောင်းချရာဆိုင်တွေကို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး မိုင်တဲဆင်းကဒ်၊ ဘီယာနဲ့ ဘိလပ်မြေအိတ်တွေကို အဓိကထား စစ်ဆေးဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

တဆက်တည်းမှာပဲ အထက်ပါကျေးရွာတွေဟာ အတုယောင်ရွေးကောက်ပွဲ လုပ်ဆောင်ဖို့ပြင်ဆင်နေတဲ့ စစ်အုပ်စု အာဏာသက်ရောက်ရာ ကျေးရွာတွေလည်း ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေဘက်က အခုလို စစ်တပ်ထုတ်ကုန်တွေရောင်းချနေမှုကို အရေးယူစစ်ဆေးတာမျိုးတွေ ဆက်တိုက်လုပ်ဆောင်နေပေမယ့် အကြမ်းဖက်စစ်တပ်ကို အားကိုးပြီး မထီမဲ့မြင် လုပ်ဆောင်နေသူတွေ ရှိသေးတာကြောင့် ရှေ့လျှောက် ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်လို့လည်း ဗမာပြည်ကာကွယ်ရေးတပ်-USBA တာဝန်ခံ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။

ဒါ့အပြင် အခုလိုစစ်ဆေးရေးဝင်ပြီးတိုင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းဝင်တာမျိုးရှိတယ်လို့လည်း ဆိုပါတယ်။

“အဲ့ဒီ၃ရွာလုံး ကျနော်တို့ စစ်ဆေးပြီးလို့ ပြန်လာပြီး နာရီ၀က်မကြာဘူး။ စစ်ကြောင်းထိုးကြတာချည်းပါပဲ။ စကစနဲ့ ပတ်သက်တဲ့သူတွေကလည်း ကျနော်တို့လာပြီဆို ပြေးကြတယ်။” လို့ဗမာပြည်ကာကွယ်ရေးတပ်-USBA တာဝန်ခံ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းကလည်း အကြမ်းဖက်စစ်တပ်ဆီ သွေးစွန်းငွေတွေ မရောက်ဖို့ ရည်ရွယ်ချက်နဲ့ မင်းတုန်းမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်တွေ ဝင်ရောက်မှုကို ထိန်းချုပ်နိုင်ဖို့ မင်းတုန်းပကဖ က အသိပေးတာမျိုးတွေ လုပ်ဆောင်ခဲ့ဖူးပြီး လက်တွေ့အရေးယူတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

“အရေးယူတယ်ဆိုတဲ့နေရာမှာ သတိပေးချက်ကို မလိုက်နာကြပေမယ့်လည်း ပြည်သူမျက်နှာကို ထောက်သောအားဖြင့် ဘာမှမလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ပစ္စည်းတွေကိုတော့ အရေးယူတဲ့အနေနဲ့ ဘယ်လောက်တန်ဖိုးကြီးကြီး ဖျက်ဆီးခဲ့တာတွေရှိပါတယ်။” လို့ ဗမာပြည်ကွယ်ရေးတပ် – USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။

ဒါ့အပြင် အခုလို အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့ ကျေးရွာတွေကို အခုလို တော်လှန်ရေးဘက်က ဝင်ရောက်စစ်ဆေးတာမျိုးတွေ လုပ်ဆောင်တာဟာ အတုအယောင်ရွေးကောက်ပွဲကို ကြိုးစားပေးနေတဲ့ စစ်အုပ်စုနဲ့ အပေါင်းအပါတွေအတွက် သတိပေးတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးကို ထောက်ပံ့မယ့် ဖြူဖြူကျော်သိန်းရဲ့ ကိုရီးယားနိုင်ငံ ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

ကိုရီးယားနိုင်ငံမှာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ထောက်ပံ့ကူညီသွားမယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်၏လူယုံ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီနှင့် စစ်အုပ်စု အလိုကျ ရုပ်ရှင်လောကသားများ တွေ့ဆုံ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ လူယုံလို့ အများက သိထားတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ရန်ကုန်တိုင်းပါတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနဲ့အတူ ဇူလိုင်လ ၃၁ ရက်မှာ စစ်ကောင်စီအားပေး ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီက ကျခတ်ရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်၊ ကိုရင််ငယ် ၃ ပါးနှင့် အရပ်သား​ ၂ ဦးသေဆုံးပြီး ဥပုသ်စောင့်ဖို့လာသည့် သက်ကြီးပိုင်းများလည်း ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျခတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းက ကိုရင်ငယ် ၃ ပါးနဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစု တရားဝင်ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDF/DSNDA) ရဲ့ အပတ်စဉ်(၃) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်တွင် မိုင်းကွင်းထဲရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၁၅ယောက်သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အင်အား ၅၀ နီးပါးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ယောက် သေဆုံးကာ အများအပြား ထိခိုက်သွားကြောင်းသိရပါတယ်။