အာဏာလု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကမ္ဘာ့အဏုမြူ ဖိုရမ်-၂၀၂၅ ကို တက်ရောက်ဖို့အတွက် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားတယ်လို့ စစ်တပ်လော်ဘီတွေနဲ့ စစ်တပ်အားပေး သတင်းထုတ်ပြန်ရေးတွေက ဖော်ပြထားပါတယ်။

အကြမ်းဖက်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်ဖို့ ဒီနေ့ မနက်ပိုင်းမှာ နိုင်ငံပိုင်ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ သူ့မိသားစု သီးသန့်သုံး လေယာဥ်နဲ့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။

နိုင်ငံပေါင်း ၁၀၀ ကျော် တက်ရောက်မယ့် ကမ္ဘာ့အဏုမြူ ဖိုရမ်ကို စက်တင်ဘာလ ၂၅ ရက်ကနေ စက်တင်ဘာလ ၂၈ ရက်အထိ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး မင်းအောင်လှိုင်ကို ရုရှားအာဏာရှင် ပူတင်က ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့ ရုရှားမှာ ပြုလုပ်ခဲ့တဲ့ ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ အာဏာရှင်တွေဖြစ်တဲ့ သမ္မတ ပူတင်နဲ့ အကြမ်းဖက်မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

Spring Warriors Column က စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ရိုးမဗျူဟာ ၄ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ ၊ Spring Warriors Column က တပ်ရင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ဦးတွင် တပ်မ ၈၈နှင့် ပျူစောထီးပူးပေါင်းတပ်များ ကျေးရွာ၂ရွာကို စီးနင်းမီးရှို့ပြီး အရပ်သားပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်သွား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ တပ်မ ၈၈ နဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ကျေးရွာတွေကို ဝင်ရောက်စီးနင်းမီးရှို့ရင်း အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်သွားကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Yan Gyi Aung PDF ရဲ့တာဝန်ရှိသူ ကိုပြူးက မောင်းကိုပြောပါတယ်။
Read More

ဆောထိမြို့နယ်တွင် စစ်အုပ်စု တရက်အတွင်း ၁၂ ကြိမ် လေကြောင်းတိုက်ခိုက်ကာ ပေါင် ၅၀၀ ဗုံး ၂၄ လုံး ကြဲချ၊ မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ကို အကြမ်းဖက်စစ်တပ်က တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ် ၁ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

မိတ္ထီလာမြို့ စစ်ကောင်စီ ရှမ်းတဲလေတပ်စခန်းနဲ့ စခန်းတချို့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ ရှမ်းတဲလေတပ်စခန်းအပြင်ဘက် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် တပ်မ ၉၉ နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကပစတပ်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကရင်နီပြည် ရေဘေးသင့်ပြည်သူတွေကို Loikaw Local PDF က စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ကူညီ

Loikaw Local PDF ဟာ စက်တင်ဘာ ၁၆ ရက်က စလို့ ပြည်သူတွေဆီက ၅ ရက်တာ အလှူငွေ ကောက်ခံခဲ့ရာ ကျပ်သိန်း ၄၀ ရရှိခဲ့ပြီး ရေဘေးဒဏ်ခံစားနေရတဲ့ ကျေးရွာက အိမ်ထောင်စု ၁၀၂ စု စာကို ထောက်ံပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်နက်သဖွယ်သုံးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ဖွယ်ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခင်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အပေးအယူသဘောမျိုး လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။