ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စက်တင်ဘာ ၂၄ ရက် ဒီနေ့ မနက်ပိုင်းက အထပ်မြင့်အဆောက်အအုံတွေကြား ယာဉ်သွားလမ်းမကြီး မြေကျွံကျမှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဘန်ကောက်မြို့ Vajira ဆေးရုံရှေ့ မီတာ ၅၀ ခန့်မှာ ပေ ၁၆၄ (မီတာ ၅၀ အနက်)ရှိ လမ်းမြေပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြေပြိုကျမှုဟာ ဆက်လက်ကျယ်ပြန့်လျက်ရှိပြီး အာဏာပိုင်တွေက သုစိတ္တခရိုင်ရုံးကနေ စံဟီးလမ်းဆုံအထိ လမ်းတွေကို ပိတ်ဆို့ထားကာ ဆေးရုံက လူနာတွေကိုလည်း အပြင်ကို ရွှေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။ 

အဆိုပါဖြစ်ရပ်ကြောင့် နေရာတချို့မှာ ရေနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး ရေပိုက်လိုင်းကြီး ပေါက်ကွဲကာ မြေပြိုကျတာဖြစ်တယ်လို့ သုစိတ္တခရိုင်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ 

Video – FLASHBLACKTactics

0 Shares:
You May Also Like
Read More

ကောလင်းမြို့ကို သွားရောက်တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ဗျူဟာ ၄၉ ရဲဘော်တွေကို လူထုက အောင်သပြေနဲ့ ကြိုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကူသွားရောက် တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ဗျူဟာ ၄၉ ရဲဘော်တွေကို ပြည်သူလူထု အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ YOMA YAR ZAR တပ်ဖွဲ့ထံက သိရပါတယ်။ ဗျူဟာ ၄၉ ရဲဘော်တွေဟာ ကောလင်းမြို့မှာ ၇ လတာ တာဝန်ထမ်းဆောင်ခဲ့ကြပြီး မိခင်တပ်ရင်းကို အထိအခိုက်မရှိ ပြန်လာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲမှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီး (ရုပ်/သံ)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ရှိ ‌ညောင်ပင်ကွင်းရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းကနေ ညနေပိုင်းထိ  လေကြောင်းကနေ ဗုံး ၄ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ရတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဖားကန့်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအောက်စျေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နမခ ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိအပါအဝင် ၉ ဦး သေပြီး ၁၆ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို မတ်လ ၂၃ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar အဖွဲ့ထံက သိရပါတယ်။
Read More

မန်တုံမြို့‌ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အမျိုးသား ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ အမျိုးသား ၁ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

မုံရွာမြို့နယ် ကျောက္ကာရွှေဂူနီဘုရားတွင် အထိုင်ချထားသည့် စစ်တပ်ထံ ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာ‌ရွှေဂူနီဘုရားမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားတွေထံ ရိက္ခာလာပို့တဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Special ဒိတ်ဒိတ်ကြဲ မုံရွာက သတင်းထုတ်ပြန်ပါတယ်။