မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပံ့ပိုးရပ်တည် ကူညီပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာလ ၂၄ ရက် ဒီနေ့ဟာ ကင်မ်အဲရစ်ရဲ့ မွေးနေ့ဖြစ်တာကြောင့် မြန်မာ့ဓလေ့အတိုင်း ကောင်းမွန်တဲ့အလုပ်တစ်ခု လုပ်ချင်တာဖြစ်ပြီး မြန်မာနိုင်ငံရှိ လွတ်လပ်တဲ့ မီဒီယာတွေ ပံ့ပိုးကူညီပေးဖို့ ကိုထိန်လင်းက ပြောဆိုထားပါတယ်။

“ဒီနေ့ ကျွန်တော့်မွေးနေ့မှာ မေမေ့ဆီက သိမှတ်ခဲ့ရတဲ့ မြန်မာ့ဓလေ့အတိုင်း ကောင်းတဲ့အလုပ်တခု လုပ်ချင်ပါတယ်။ ကျွန်တော်အတွက် အဲဒီကောင်းတဲ့အလုပ်ဆိုတာ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့မီဒီယာတွေကို ပံ့ပိုး ရပ်တည်ကူညီပေးခြင်း ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော့်ကို မေမေရဲ့ အခြေအနေမှန်တွေ သိရှိစေခဲ့ရုံမက မြန်မာနိုင်ငံအနှံ့က မိသားစုပေါင်းများရဲ့အကြောင်းကို သိဖို့ရာ အင်မတန်အရေးပါ ပါတယ်။” လို့ ပြောဆိုထားပါတယ်။

သတင်းထောက်တွေဟာ သတင်းရေးယုံတင် မဟုတ်ဘဲ ဒီမိုကရေစီအတွက် အရှေ့ကနေ တိုက်ပွဲဝင်နေသူတွေ ဖြစ်ပြီး လူတွေရဲ့ မျှော်လင့်ချက်တွေကို ဆက်လက်ရှင်သန်နေစေဖို့ လုပ်ဆောင်ရာမှာ အမှန်တရားကို ဖော်ထုတ်ဖို့ ဒုက္ခအန္တရာယ်မျိုးစုံ တွေ့ကြုံရတယ်လို့လည်း ကိုထိန်လင်းက ပြောဆိုထားပါတယ်။

“ကျွန်တော်တို့ ဝိုင်းပြီးမကူညီရင် သူတို့ရဲ့အသံနဲ့ အမှန်တရားတွေဟာ တိတ်ဆိတ်သွားနိုင်တဲ့ အခြေအနေမှာရှိတယ်။ အမှန်တရားအတွက် အကူအညီလိုတယ်၊ လွတ်လပ်တဲ့မီဒီယာတွေနဲ့ ရပ်တည်ကူညီပါ။ သင်၏ မီဒီယာ၊ သင်သည်လည်း မီဒီယာ” လို့လည်း ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းဟာ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုနေသလို မြန်မာ့ဒီမိုကရေစီ ရရှိရေးနဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေး ပံ့ပိုးပေးနေသူ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အကျဉ်းထောင်မှာ ကျန်းမာရေး မကောင်းဖြစ်နေတာကို ကြားသိရတာကြောင့် များစွာစိတ်မကောင်းဖြစ်ရသလို ပြင်ပဆေးရုံမှာ ဆေးကုသခွင့်ရဖို့လည်း အကြမ်းဖက်စစ်အုပ်စုကို ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာနဲ့ တောင်တရုတ်ပင်လယ်အရေး မလေးရှားမှာ အာဆီယံဝန်ကြီးတွေ ဆွေးနွေး

မလေးရှားနိုင်ငံ၊ လန်ကာဝီမှာ ဇန်နဝါရီလ ၁၉ ရက် (ဒီနေ့) ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တံခါးပိတ်အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
Read More

အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲမှာ RCSS တက်ရောက်ခဲ့

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးမှာ တက်ရောက်ခဲ့ကြောင်း RCSS က ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်များအတွက် ဒေါ်လာ သန်းတစ်ထောင်နီးပါး ကုလ အကူအညီတောင်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခွဲနဲ့ သူတို့အိမ်ရှင်တွေအတွက် အခုနှစ်အတွင်း ကယ်ဆယ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တောင်းခံထားကြောင်း ကုလသမဂ္ဂက မတ်လ ၂၄ ရက်မှာ ကြေညာခဲ့ပါတယ်။ 
Read More

အလုပ်သမားညီလာခံ ပြုလုပ်နေသည့် ကုလရုံးချုပ်ရှေ့တွင် စစ်ကောင်စီကို Article 33 အရ အရေးယူရေး ဆန္ဒပြ

ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ ပြင်ပရှိ Broken Chair အောက်မှာ အကြမ်းဖက်စစ်ကောင်စီကို Article 33 အရ အရေးယူနိုင်ရေးအတွက် ဆန္ဒပြပွဲကို ၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံ (113th ILC) ပြုလုပ်တဲ့နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောက်ဦးဆေးရုံကို စစ်တပ် တိုက်ခိုက်မှုအပေါ် တုန်လှုပ်ခြောက်ခြားမိကြောင်း WHO အကြီးအကဲ ပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်မှုဖြစ်ပြီး လူပေါင်းများစွာရဲ့ ကျန်းမာရေးစောင့်ရှောက်ခံယူမှုအပေါ် ကြီးကြီးမားမား နှောင့်ယှက်ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရော့စ် (Tedros) က ပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့အကြမ်းဖက်မှုအား ရှုံ့ချကြောင်း အာဆီယံ ထပ်မံထုတ်ပြန်ရန်ရှိ

အရှေ့တောင်အာရှ၊ တရုတ်၊ ရုရှားနဲ့ အမေရိကန် ထိပ်သီးသံတမန်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကနေ စစ်ဘေးသင့်မြန်မာပြည်က အရပ်သားတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း ထုတ်ပြန်ဖို့ရှိတယ်လို့ ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ချက်မူကြမ်းကို ကိုးကားပြီး AFP က ဖော်ပြထားပါတယ်။