ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု များပြားလျက်ရှိတယ်လို့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ပြောကြားခဲ့ပါတယ်။ 

ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့တဲ့ ရက်ကစတင်ပြီး ထမင်းမစားရတာ ၄ ရက်တာရှိပြီလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့စစ်တွေဟာ မူးယစ်ဆေးဝါးသုံးကာ တိုက်ပွဲရှေ့တန်းမှ ထိုးစစ်ဆင်နေပြီး KIA ပူးပေါင်းတပ်တွေ ထောင်ထားတဲ့ မိုင်းနင်းမိကာ ထိခိုက်မှုရှိတယ်လို့ စစ်သုံ့ပန်းက ဝန်ခံပြောကြားခဲ့ပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ SSNDF / KNDF B-103 မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ SSNDF / KNDF B-103 မှ သင်တန်းသားရဲဘော် သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူတွေဟာ အသက် (၁၈) နှစ်ပြည့်ပြီးသူ၊ ကျန်းမာရေးအထူးကောင်းမွန်သူ၊ ပေး အပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ သိရပါတယ်။ ထောက်ပို့ရန် နှင့် ရဲဘော်သစ် လျှောက်ထားလိုသူတွေအနေနဲ့ တယ်လီဂရမ် - t.me/ssndfbb103 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတ်။
Read More

မြစ်ကြီးနားတွင် ဧရာဝတီ မြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရ (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
Read More

KNDF B08 Batch 1 မွမ်းမံနှင့် တပ်သားသစ် သင်တန်းဆင်းပွဲ (ရုပ်/သံ)

Karenni Nationalities Defense Force (KNDF) BO8 မွမ်းမံနဲ့ တပ်သားသစ်သင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း (၄) နှစ်ပြည့် အထိမ်းအမှတ် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ မိန့်ခွန်း (ရုပ်/သံ)

''ငါတို့ PDF ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ ခုခံတော်လှန်တိုက်ပွဲဝင်ခဲ့ကြတာ ဘယ်လောက်အတိုင်းအတာထိ အောင်မြင်မှုတွေ ရနေပြီလဲဆိုတာ ရဲဘော်တွေအားလုံး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်တယ်။ ဒီအောင်ပွဲတွေမှာ ငါတို့နဲ့အတူ တစ်သွေးတစ်သားတည်း ရပ်တည်တိုက်ပွဲဝင်ပေးခဲ့ကြတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်တွေကိုလည်း မေ့ထားလို့မရဘူး။ ဒါ့ကြောင့် ၄ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ထည့်သွင်းပြောကြားလိုတယ်''
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်ရွာကို မီးရှို့ဖျက်ဆီးလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ‌တောပုပျူစခန်းမှ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သံမဏိတပ်ခွဲ ၃ Force - MPDF ထံက သိရပါတယ်။
Read More

တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်စောင်းပေါ်မှ နေအိမ် ၁ လုံး ပြိုကျ (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းပေါ်က နေအိမ် ၁ လုံးပြိုကျခဲ့တယ်လို့ သိရပါတယ်။