ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ KIA တပ်တွေက ယာယီဆုတ်ခွာပေးခဲ့ရတဲ့ စခန်းကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေ ပြည်သူ့စစ်ပူးပေါင်းတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ကစလို့ KIA သိမ်းထားတဲ့ လန်ဆယ်ဒေသကို ပြန်လည်ရယူနိုင်ရေးအတွက် ခေါင်လန်ဖူးဘက်ကနေ ဝင်ရောက် ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းတပ်တွေ စတင်ထိုးစစ်ဆင်ချိန်မှာ ဆုတ်ခွာပေးခဲ့ရတဲ့ စခန်းတွေကို လက်ရှိမှာ KIA တပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

” ထမင်း လတ်လတ်ဆတ်ဆတ် မစားရတာ ၄ ရက်ရှိပြီ၊ နေ့ရော ညရော ထမင်းခြောက်ပဲ စားနေရတာ၊ ပြည်သူ့စစ်တွေက တိုက်တော့မယ်ဆိုရင် ဆေးပြားလေး စသုံးတယ်၊ ပြီးမှ တိုက်တယ်၊ စ,စ တိုက်ချင်းမှာ ပြည်သူ့စစ် တစ်ယောက် မိုင်းထိတယ်၊ ကျတာတွေရော ဒဏ်ရာရတာတွေရော ရှိတယ်” လို့ အရှင်ဖမ်းဆီးရမိတဲ့ စစ်သား ၁ ယောက်က ထွက်ဆိုထားပါတယ်။

လန်ဆယ်ဒေသရှိ လာဟီဆယ်စခန်းအနီးတစ်ဝိုက်က အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့စစ်တွေကို တိုက်ထုတ်နေပြီး နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အရေအတွက် အတိအကျကို မောင်းသတင်းဌာနအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့သည့်ရက်ပိုင်း လန်ဆယ်ဒေသတိုက်ပွဲများအတွင်း အရှင်ဖမ်းဆီးရမိတဲ့ စစ်သား ၁ ယောက်

 

0 Shares:
You May Also Like
Read More

TNLA နှင့် MNDAA အပါ တော်လှန်ရေးအင်အားစုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဟာ ရှမ်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း သျှမ်းလူငယ်ကွန်ဂရက် (DYC) ပြော

ရှမ်းပြည်နယ်ထဲက မြို့တွေမှာ TNLA၊ MNDAA အပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့လုပ်ရပ်ဟာ ရှမ်းပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒ မပါဝင်ဘဲ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ သျှမ်းလူငယ်ကွန်ဂရက် Dai Youth Congress (DYC) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

မြိုင်မြို့နယ် နှောပင်ရွာတွင် စစ်ကော်မရှင် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့ရကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Read More

ဖယ်ခုံက နောင်ဝိုးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အင်းလေး PDF က ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နောင်ဝိုးကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်ရဲ့ စျာပနအခမ်းအနားကို အောက်တိုဘာ ၅ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းကနေ လွတ်မြောက်လာသူတွေထဲ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာသူပေါင်း ၂၄၀၀ ကျော်မှာ ကိုယ်ဝန်သည် ၁၁ ဦးပါဝင်နေပြီး အရေးပေါ်ဆေးကုသမှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့တွေက မတ်လ ၂၁ ရက်မှာ ပြောခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရ၊ နေအိမ် ၅ လုံး ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။