မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတောင်ဘက် စစ်ကော်မရှင်ဂိတ်မှာ စစ်ကြောင်းထိုးဖို့ ရောက်ရှိနေတဲ့ စစ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 

စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတောင်ဘက်မှာ ဂိတ်ဖွင့်အထိုင်ချထားတဲ့ ဂိတ်စခန်းကနေ စစ်ကြောင်းထိုးဖို့ အင်အားအများအပြားနဲ့ ရောက်ရှိနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရော့ကတ်တွေဟာ စစ်ကော်မရှင်တပ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ညနေပိုင်း မှာ စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းမှာလည်း အင်ပင်ရွာရှိ စစ်ကော်မရှင်တပ်က လက်နက်ကြီး ၂ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စက်တပ်လေထီး ၂ စီးနဲ့ ဗုံးသီး ၂ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်-ပကဖ တပ်ရင်း(၁)၊ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE နဲ့ BURMA REVOLUTION RUNGERS တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-COBRA ONE

0 Shares:
You May Also Like
Read More

ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်မှု ၂ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ် ကြက်စာပြင်ဆိပ်ကမ်းဘောတံတားသို့ ငါးလွှတ်ဖို့လာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု Speed Boat ၁ စီး ပျက်စီးပြီး စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ကြက်စာပြင်ဆိပ်ကမ်းဘောတံတားဆီ ငါးလွှတ်ဖို့လာတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Special Guerrilla Force ထံက သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်ဗုံးကြောင့် မြေပိခဲ့ရတဲ့ တော်လှန်ရေးရဲဘော်လေးတွေ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက် မှုကြောင့် မြေပိခဲ့ပေမယ့် အရီအပြုံးမပျက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်လေးတွေရဲ့ ဗီဒီယိုရုပ်သံဖိုင်ကို CDM ဗိုလ်ကြီးထက်မြတ်က ၎င်းရဲ့ Facebook အကောင့်က မျှဝေခဲ့ပါတယ်။
Read More

ဗိုလ်မှူး ရန်လင်းအောင် ဦး‌ဆောင်တဲ့ အင်အား ၅၀ ခန့်ရှိ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါ ၂၂ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရဲစခန်းက ထွက်လာတဲ့ ဗိုလ်မှူး ရန်လင်းအောင်နဲ့ ဗိုလ်ကြီး အောင်ဇော်မင်းတို့ ဦးဆောင်လာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။
Read More

မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ဘုန်းကြီးကျောင်းနှင့် စေတီပျက်စီးပြီး ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မတ်လ ၄ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။