မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်က စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးကာ ကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ထံက သိရပါတယ်။

စက်တင်ဘာလ ၂၂ရက် မနက်ပိုင်းမှာ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာတောင်ဘက်မှာရှိတဲ့ စစ်တပ်အထိုင်ဂိတ်စခန်းဆီ အကြမ်းဖက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဖို့ အများအပြား ရောက်ရှိလာချိန်မှာ တော်လှန်ရေးတပ်တွေက ရော့ကတ် ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရော့ကတ်တွေဟာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအနီး ကျရောက်ပေါက်ကွဲတာကြောင့် စစ်အုပ်စုဘက် အထိအခိုက်ရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE က ထုတ်ပြန်ပါတယ်။


ဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်-ပကဖ တပ်ရင်း(၁)၊ ပခုက္ကူမြို့နယ်-ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE နဲ့ BURMA REVOLUTION RUNGERS တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ဘက်ကလည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့သလို အဲ့ဒီနေ့ ညနေပိုင်းမှာပဲ စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်တစ်နေ့ မနက်နဲ့ ညနေပိုင်းမှာလည်း စစ်အုပ်စုက အင်ပင်ရွာကို လက်နက်ကြီး ၂လုံး အပြင် စက်တပ်လေထီး ၂စီးနဲ့ ဗုံးသီး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

တောင်ငူတွင် စစ်ကြောင်းထိုး စစ်အုပ်စုများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးကာ လာလမ်းအတိုင်း ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ‌မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်ငူလေတပ် တိုက်ခိုက်မှုအတွင်း လေယာဥ်ခဲယမ်းနှင့် ဗုံးသီးဂိုဒေါင် ပေါက်ကွဲပြီး လုံခြုံရေး ၆ ဦး သေ၊ ပြင်းထန်သည့် ထပ်ဆင့်ပေါက်ကွဲမှုများပါ ဆက်ဖြစ်ခဲ့

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကေတုမတီလေတပ်ဝန်းအတွင်းကို ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ လေယာဥ်ခဲယမ်းနဲ့ ဗုံးသီးဂိုဒေါင်ပေါက်ကွဲပြီး ထပ်ဆင့်ပေါက်ကွဲမှုတွေဖြစ်ကာ လုံခြုံရေးယူနေသူ ၆ ယောက် ထိခိုက်သေဆုံးခဲ့ကြောင်း BWM တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိတ္ထီလာမြို့ စစ်ကောင်စီ ရှမ်းတဲလေတပ်စခန်းနဲ့ စခန်းတချို့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ ရှမ်းတဲလေတပ်စခန်းအပြင်ဘက် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် တပ်မ ၉၉ နဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကပစတပ်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်ကို လျှပ်စစ်မီးပေးနိုင်ဖို့ တရုတ်လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဖိတ်ခေါ်ပြန်

တရုတ်လုပ်ငန်းရှင်တွေ ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အာဏာသိမ်းစစ်တပ်က ခန့်အပ်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းကပြောကြားလိုက်ပါတယ်။
Read More

MNDAA ဖမ်းဆီးထားသည့် အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်ကို အမြန်ဆုံးလွတ်ပေးရန် ရှမ်းနှင့် ကချင်အရပ်ဖက်အဖွဲ့အစည်း တောင်းဆို

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြို့နယ် မိုင်းယော်တိုက်နယ်၊ လုံးမွန်းကျေးရွာက ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ ဖမ်းဆီးထား‌တဲ့ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်ကို အမြန်ဆုံးလွတ်ပေးဖို့ ရှမ်းနဲ့ ကချင်အရပ်ဖက် အဖွဲ့အစည်းတွေက ‌‌တောင်းဆိုထားပါတယ်။
Read More

မန္တလေးအိုးဘိုထောင် Drop ဗုံးကြဲခံရမှုကြောင့် နိုင်ကျဉ်း ၁၇ ဦးနှင့် အခြားအကျဥ်းသား ၄ ဦး သေဆုံးကြောင်း PPNM အမည်စာရင်း ထုတ်ပြန်

မန္တလေးအိုးဘိုအကျဉ်းထောင်ရဲ့ အမျိုးသားအဆောင်နေရာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် နိုင်ငံရေး အကျဉ်းသား (၁၇) ယောက် သေဆုံးခဲ့ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က နာမည်စာရင်းနဲ့တကွ သတင်းထုတ်ပြန်လာပါတယ်။