တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၁၇) ရက်က ပုလောမြို့နယ်အတွင်းရှိ ပလောက်မြို့အခြေစိုက် အကြမ်းဖက်တပ်ရဲ့ တိုင်းဗိုလ်ညအမှတ် (၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက စစ်မှုထမ်းတပ်သားသစ် (၇) ယောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၄) လက်အောက်ခံ K.N.D.O တပ်ရင်း(၇)၊ တပ်ခွဲ(၅)ထံ လက်နက်မဲ့ထွက်‌ပြေး အလင်းဝင်ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ဘက်ပြောင်းခိုလှုံတဲ့ စစ်သား (၇) ယောက်ဟာ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်နေချိန် အဖမ်းခံရပြီးနောက် မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်ခြင်းခဲ့ရကာ အာဏာသိမ်းစစ်တပ်က အတင်းအဓမ္မ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော်
K.N.L.A တပ်မဟာ(၄)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၅) ထံသို့ အလင်းဝင်ဘက်ပြောင်းခိုလှုံသည့် စစ်ကော်မရှင်တပ်သားသစ် (၇) ဦး

အဲ့ဒီနောက် အကြမ်းဖက်စစ်တပ်ရဲ့ လေ့ကျင့်ရေးသင်တန်းကနေ ထွက်ပြေးခဲ့ကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် တပ်ရင်း(၇)ထံ လက်နက်မဲ့ အလင်းဝင် ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ သိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ အကြမ်းဖက်စစ်တပ်ထဲက တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းဖို့ KNU က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆော-ကျောက်ထု-မင်းတပ်လမ်းပိုင်း မြေပြိုမှု ဖြစ်ပွား

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆော-ကျောက်ထု-မင်းတပ် လမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လန်ဆယ်ဒေသတိုက်ပွဲ ယာယီဆုတ်ခွာခဲ့ရသည့်စခန်းကို KIA ပြန်သိမ်းပိုက်၊ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုများပြားနေ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ KIA တပ်တွေက ယာယီဆုတ်ခွာပေးခဲ့ရတဲ့ စခန်းကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

PDF တပ်ရင်း ၁၀၀၇ – မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၂) ရဲ့ ၄၅ ရက်တာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာန၊ အမှတ် ၃ ရှမ်းတောင်စစ်ဒေသ၊ ဗျူဟာ (၁) ​လက်အောက်ခံ တပ်ရင်းအမှတ် ၁၀၀၇ - မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၂) ရဲ့ ၄၅ ရက်တာ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ ငလျင်ဘေးဒဏ်သင့် ပြည်သူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့

ငလျင်ဒဏ်သင့် ဒေသတွေမှာ နိုင်ငံတကာက လာရောက်တဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုကြောင့် လူပေါင်း ၆၅၃ ယောက်ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၇၀၀ ကျော်ကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

(၇၆) နှစ် မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA day) ဂုဏ်ပြုပွဲ အခမ်းအနား… (ဓာတ်ပုံသတင်း)

ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားခရိုင်) တပ်မဟာ (၄) ဌာနချုပ်ဟောင်း‌ မယ်သမီခီး(ထီးခီး) မှာ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် တပ်မဟာ (၄) ခေါင်းဆောင်တွေ ဦးဆောင်ပြီး ဇူလိုင်လ (၅)ရက် ဒီနေ့မှာ ကျရောက်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့ (K.N.L.A) day ဂုဏ်ပြုပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုက ပျူစခန်းတွေကို ၅ ရက်တာ ဒရုန်းမစ်ရှင်နဲ့ တိုက်ခိုက်

စစ်ကိုင်တိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ ပျူစောထီးစခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။