ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်မှာရှိတဲ့ တောကျီးကန်းတပ်ရင်း ရဲဘော်တွေရဲ့ နေထိုင်လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ တောကျီးကန်းတပ်ရင်းမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ စစ်မှန်‌တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်မယ့် ရဲဘော်သစ်တွေကိုလည်း ဖိတ်ခေါ်နေပါတယ်။

တောကျီးကန်းတပ်ရင်းမှာ တာဝန်ထမ်းဆောင်ချင်သူတွေအနေနဲ့ အမျိုးသား အသက် ၁၈ နှစ်မှ ၄၀ နှစ်အတွင်း၊ ကျန်းမာရေးကောင်းမွန်သူ၊ တော်လှန်ရေးပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ တပ်ရင်းက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာနိုင်သူ ဖြစ်ရမှာဖြစ်ပြီး တပ်ရင်းက သတ်မှတ်ထားတဲ့နေရာကို ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရောက်နိုင်ရမယ်လို့ ဆိုထားပါတယ်။

အသေးစိတ်သိရှိချင်တဲ့ အချက်အလက်တွေကို တောကျီးကန်းစစ်ကြောင်း Facebook ပေ့ချ်မှာ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Video – တောကျီးကန်းစစ်ကြောင်း

0 Shares:
You May Also Like
Read More

စစ်ကိုင်းတံတားသစ် ကြံ့ခိုင်မှုမရှိတော့တဲ့အတွက် မန္တလေးဘက်ကူးသူများ စက်လှေများ အသုံးပြုနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ မန္တလေးဘက်ကိုကူးတဲ့ တံတားတွေဟာ အသုံးပြုဖို့ မသင့်တော်တော့တဲ့အတွက် ဒေသခံတွေဟာ စက်လှေကို အဓိကအားထားနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သား တွေကို ‌အောက်တိုဘာ ၂၄ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KBU-တောလေးအဖွဲ့ထံက သိရပါတယ်။
Read More

ပန်ဝါမြို့အနီး တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ်တွေ တိုက်ပွဲဖြစ်ပွားနေချိန် တရုတ်တာဝန်ရှိသူတွေက နယ်စပ်ဂိတ်ပိတ်ပြီး စစ်ရှောင်ပြည်သူတွေကို ဖွင့်ခွင့်ပိတ်ပင် (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့အနီး KIA ဦး‌ဆောင်တဲ့တော်လှန်ရေးတပ်တွေနဲ့စစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်တွေတိုက်ပွဲဖြစ်ပွားနေချိန်အောက်တိုဘာ၁၇ရက်မနက်ပိုင်းကစတင်ပြီးတရုတ်တာဝန်ရှိသူတွေကနယ်စပ်ဂိတ်ပိတ်ကာစစ်ရှောင်ဖို့ကြိုးစားတဲ့ပြည်သူတွေကိုဖွင့်ခွင့်ပိတ်ပင်ခဲ့တယ်လို့သိရပါတယ်။
Read More

သာစည်မြို့နယ် ရန်ကုန်-မန္တလေးလမ်း‌ဟောင်းတွင် ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း‌ဟောင်းမှာ ဒီဇင်ဘာ ၃ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်တွင် တောင်ကျရေကြောင့် အဆောက်အအုံနှင့် ယာဉ်အချို့ ရေစီးထဲမျောပါ (ရုပ်/သံ)

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မှာ ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ တောင်ကျရေကြောင့် အဆောက်အအုံနဲ့ ယာဉ်တချို့ ရေစီးထဲမျောပါသွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။