ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်က အဆိုတော် လေးဖြူ သီဆိုခဲ့တဲ့ ဆန္ဒမဲပေးကြမည် သီချင်းကို အကြမ်းဖက် စစ်ကော်မရှင်က သူ့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ပြန်လည် ထုတ်လွှင့်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကို ရည်ရွယ်ပြီး နိုင်ငံကျော် အဆိုတော်လေးဖြူက နိုင်ငံသားတိုင်း ဆန္ဒမဲပေးစေဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒမဲပေးကြမည် ဆိုတဲ့ သီချင်းကို ရေးသားသီဆိုခဲ့တာဖြစ်ပေမယ့် အကြမ်းဖက်စစ်ကော်မရှင်က အခုချိန်မှာ ပြန်လည်အသုံးပြုနေတာဖြစ်ပါတယ်။

ဆန္ဒမဲပေးကြမည် သီချင်း စတင်ထွက်ပေါ်ချိန်က ရုပ်သံမှတ်တမ်းတွေမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကြောင့် ဆန္ဒပြခဲ့တဲ့ လူထုရဲ့ မှတ်တမ်းဓာတ်ပုံတွေကို အသုံးပြုထားခဲ့ပြီး ရုပ်သံအဆုံးမှာတော့ “အောင်လံခိုင်ဖို့ မဲပေးစို့ ဒီမိုကရေစီမှန်ကန်ရေး NLD ကို ဒို့မဲပေး” လို့ ဆိုပြီး အဆိုတော် လေးဖြူက NLD ပါတီကို မဲဆွယ်ပေးခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

စစ်ကော်မရှင် ပြန်လည်ထုတ်လွှင့်တဲ့ ဆန္ဒမဲပေးကြမည် သီချင်းမှာတော့ မြန်မာနိုင်ငံ အေးချမ်းသာယာ ဝပြောနေသယောင် ပြသထားတဲ့ ရုပ်သံမှတ်တမ်းတွေကို ထည့်သွင်းဖော်ပြထားပါတယ်။

စစ်တပ်ထောက်ခံသူ တစ်ယောက်အဖြစ် နာမည်ကြီးတဲ့ ကျော်မျိုးမင်းကလည်း ” လက်ရှိတည်ဆဲအစိုးရ (မင်းအောင်လှိုင် အစိုးရ) အနေနဲ့ ဒီသီချင်းကို သုံးခွင့်ရှိပါတယ်၊ သူက အစိုးရလေ၊ သုံးခွင့်မရှိရအောင် ဘာမို့လို့တုန်း၊ နိုင်ငံတော်အနေနဲ့ မြေပေါ် မြေအောက် ရေပေါ် ရေအောက်နဲ့ လေပေါ်လေအောက် သယံဇာတတွေ အားလုံးကို နိုင်ငံတော်က ပိုင်တယ်၊ ဒီသီချင်းဆိုတာလည်း သယံဇာတ တစ်မျိုးပဲ၊ နိုင်ငံတော်က ပိုင်တယ်၊ နိုင်ငံတော်က ပိုင်တဲ့သီချင်းကို နိုင်ငံတော်က ပြန်ထုတ်လွှင့်တာ ဘာမှ ခက်ခဲနေတာမရှိဘူး” လို့ ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

အုတ်ဖိုမှာ စစ်ကောင်စီ ရွာတချို့ကို ရှေ့နောက်ပိတ်ပြီး ပေါ်တာဆွဲ၊ သားသမီး မရှိတဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေ၊ ရွာလုံးကျွတ် ထွက်ပြေးနေကြရ

ပဲခူးတိုင်း၊ အုတ်ဖိုမှာ စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့ကို ကိုယ်စားပြုသည့် Chin Defence Force – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force - Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ် အကြီးအကျယ်ခံထားရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းများတိုက်ခတ်

ငလျင်ဒဏ် အကြီးအကျယ်ခံထားရတဲ့ မန္တလေးနဲ့ စစ်ကိုင်းမှာ မိုးသည်းထန်စွာရွာပြီး လေပြင်းများ တိုက်ခတ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
Read More

မြိတ်-ပုလော-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် ခရီးသွားလာခြင်းမပြုဖို့ သတိပေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာ ၆ ရက်မြောက်ရှိပြီဖြစ်ပြီး မြိတ်-ပုလော-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာလည်း တိုက်ပွဲ ပြင်းထန်လာနိုင်တာကြောင့် ခရီးသွားလာခြင်း မပြုဖို့ ထပ်မံ မေတ္တာရပ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ပြည်သူတွေကို MDY-PDF က ဆန်အိတ် ၅၀၀ နဲ့ ငွေကျပ်သိန်း ၁၅၀ မတည်လှူဒါန်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ကျေးရွာတွေကို ဆန်အိတ်အပိုင်း (၅၀၀) နဲ့ ငွေသား ကျပ်သိန်း(၁၅၀) မတည် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားအံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ တညာကျိုး (ခ)တာလယ် ဗျုဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။