အငြင်းပွားဖွယ်ရာ ပြဿနာတွေဖြစ်ခဲ့တဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါက်တာ သီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို ကောင်စီတာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်လိုက်ပါတယ်။

MSDF ရဲ့ နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်းက MSDF အတွင်းရေးမှူး နိုင်ကိုသူ သိမ်းဆည်းထားတဲ့ လက်နက်တွေကို ပြန်လည်သိမ်းယူရာမှာ ခုခံရင် ပစ်မိန့်ပေးဖို့ ညွှန်ကြားခဲ့တာနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ကိစ္စတွေ စတင်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒေါက်တာသီရိမွန်ချမ်းရဲ့ အပြုအမူ၊ ကြံစည်လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် ဆက်လက် ယုံကြည်လက်တွဲဖို့ အဆင်မပြေတော့လို့ဆိုပြီး ကော်မတီဝင်အားလုံးရဲ့ သဘောဆန္ဒအရ ဒေါက်တာ သီရိမွန်ချမ်းကို ဥက္ကဋ္ဌ ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း MSDF ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဇူလိုင်လ ၉ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဒီလို ထုတ်ပယ်လိုက်တာဟာ ဥက္ကဋ္ဌဖြစ်သူကို ညှိနှိုင်းမှု တစုံတရာမရှိဘဲ သူမပါဝင်ဘဲ ကော်မတီဝင်တွေ ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း ဒေါက်တာ သီရိမွန်ချမ်းက ချေပခဲ့တယ်လို့ MSFC ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

“ဒီကိစ္စက လူစုပြီး အာဏာသိမ်းလိုက်တဲ့ သဘောပေါ့နော်။ မိမိကတော့ တပ်အတွက် ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့တယ်။ ကိုသူက လက်နက်တွေကို တပ်ရင်းကနေ ခွဲထုတ်ပြီးတော့ တပ်ကိုဖွဲ့မယ့်သဘော။ ဒါကြောင့်မို့ အောက်ခြေမှာရှိတဲ့ တပ်မှူးတွေနဲ့ ပြဿနာဖြစ်ပြီး အဲဒီ ပြဿနာမှာ မိမိအနေနဲ့ ပြတ်ပြတ်သားသား အမိန့်ပေးခဲ့တဲ့အတွက် မကျေနပ်တာ” လို့ ဥက္ကဋ္ဌ ရာထူးက‌နေ ဖယ်ရှားခံရပြီး နောက်တစ်ရက်မှာ ဒေါက်တာ သီရိမွန်ချမ်းက မောင်းကို ပြောခဲ့ပါတယ်။
ဒေါက်တာ သီရိမွန်ချမ်း နှင့် နိုင်ကိုသူ


MSFC ဖွဲ့စည်းစဥ်က MSDF ဟာ မဟာမိတ်အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့သလို MSDF နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်းနဲ့ အတွင်းရေးမှူး နိုင်ကိုသူတို့ကလည်း MSFC ရဲ့ ကောင်စီဝင်တွေအဖြစ် ပါဝင်ခဲ့တာပါ။

လက်ရှိ MSDF အတွင်း ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နေစဥ်ကာလမှာ နှစ်ဖက်အသွင်ဖြစ်ကာ ကိုယ်စားပြုမှု မသဲကွဲတဲ့ အခြေအနေဖြစ်နေတာကြောင့် ဒေါက်တာ သီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို MSFC ရဲ့ ကောင်စီဝင်အဖြစ်ကနေရော ပေးအပ်ထားတဲ့ တာဝန်အားလုံးကနေပါ ယာယီရပ်ဆိုင်းထားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

“၂ ဦးစလုံးဆီ စာပေးပို့ အကြောင်းကြားခဲ့ပါတယ်။ အကြောင်းပြန်စာတွေလည်း ကောင်စီက ပြန်လက်ခံရရှိပါတယ်။ စက်တင်ဘာ ၁၉ရက်မှာ ကာယကံရှင်နဲ့ MSDF ဦးဆောင်ကော်မတီကို အကြောင်းကြားပြီး ၂၂ရက်နေ့မှာ ပြည်သူတွေကို ထုတ်ပြန်အစီရင်ခံခဲ့ကြတာပါ” လို့ MSFC ကောင်စီဝင် မိသုတဂျော်က မောင်းကို ပြောပါတယ်။

MSDF အနေနဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ မွန်ပြည်လွတ်မြောက်ရေးအတွက် ရှေးရှုပြီး ထိပ်တိုက် ပဋိပက္ခတွေ မဖြစ်ပွားဘဲ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ရိုးသားစွာ အသိအမှတ်ပြုခြင်း၊ အပြန်အလှန် လေးစားယုံကြည်ခြင်းနဲ့ သင်ခန်းစာယူပြီး အချိန် ၃ လအတွင်း ညှိနှိုင်းအဖြေရှာဖို့ MSFC က ထုတ်ပြန်ချက်မှာ တိုက်တွန်းရေးသားထားပါတယ်။

“MSFC ဆုံးဖြတ်ချက် အမှတ် ၂ အတိုင်း အချိန် ၃ လ ပေးထားပြီး ညှိနှိုင်းမှု ပြုလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။ အခုလို ယာယီရပ်ဆိုင်းတာနဲ့ ပတ်သက်ပြီး ဒေါက်တာ သီရိမွန်ချမ်းက အခုထိ တုံ့ပြန်လာတာမျိုးတော့ မရှိဘူး။ လက်ခံမယ်လို့လည်း မြင်မိပါတယ်” လို့ MSFC ကောင်စီဝင် မိသုတဂျော်က မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူငယ် ၂၃၀ ကျော် ဖမ်းဆီးခံရ

ပြီးခဲ့တဲ့ ၂၀၂၅  ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့ပေါ်မှာ လူငယ်လူရွယ် ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း  Rangoon Scout Network (RSN) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျုံဒိုးမြို့ပေါ်မှ စစ်အုပ်စု ဖမ်းခေါ်သွားသည့် အမျိုးသားတစ်ဦး သေဆုံးပြီဟု သတင်းထွက်ပေါ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်က အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်က  မတ်လ ၂၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါ အမျိုးသား သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခဲ့တဲ့ စစ်သား(၃) ယောက် လက်နက်တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၉) ဆီ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမှာ စစ်အုပ်စုလက်ပါးစေတွေ အကြောင်းအမျိုးမျိုးပြပြီး လုပ်ငန်းရှင်တွေဆီက အခွန်ငွေတောင်းခံနေ

မကွေးတိုင်း၊ ရေစကြိုမြို့မှာ နယ်မြေစိုးမိုးမှု ဘယ်လောက်မှမရှိတော့တဲ့ စစ်အုပ်စုရဲ့ လက်ပါးစေတွေဟာ အရပ်သားတွေဆီက နည်းလမ်းမျိုးစုံနဲ့ အခွန်ငွေတွေ မတရားကောက်ခံနေကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက မောင်းကိုပြောပါတယ်။
Read More

ဘုတ်ပြင်းမှ လေညာဘက် လာသည့် စစ်ယာဥ်တန်း တိုက်ခိုက်ခံရ၊ ဗိုလ်မှူးအပါ အယောက် ၂၀ ကျော် သေပြီး ပြန်ထွက်ပြေး

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ကနေ လေညာမြို့ဘက် ဦးတည်တက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ယာဥ်တန်းကို အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သားတွေ အများအပြား သေဆုံးကာ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့်ကာလမှာ တရုတ်ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်မိပြီးနောက် စစ်ကောင်စီလည်း ရက် ၂၀ ကြာ ယာယီအပစ်ရပ်ကြောင်း ကြေညာ

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးအတွက် ဧပြီ (၂) ရက်မှ  (၂၂) အထိ ရက် ၂၀ ကြာ ယာယီအပစ်ရပ်ကာလအဖြစ် သတ်မှတ်လိုက်တယ်လို့ ဧပြီလ ၂ ရက် ဒီနေ့မှာ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လာပါတယ်။