ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၁) လုံးနဲ့ စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

ရွှေကျင်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇) ရက် ညနေပိုင်းက ညောင်လေးပင်မြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ-၂၀ တပ်ရင်းက ဒရုန်းနဲ့ ကောက်မယ်သူ ကျေးရွာထဲ ဗုံးကြဲပစ်ခတ်ခဲ့ရာ နေအိမ် (၁) လုံး ထိမှန်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

မူးမြို့နယ်မှာလည်း စက်တင်ဘာလ (၉) ရက် နေ့လယ်ပိုင်းက အကြမ်းဖက် စစ်တပ်က ရန်မတီးကနေ ၈၁ မမ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ရာ ညောင်ပင်သာကျေးရွာအတွင်း ကျ‌ရောက်ပေါက်ကွဲပြီး (၅) နှစ်အရွယ် ကလေးငယ် ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၀) ရက် ညနေပိုင်းမှာ ခမရ ၃၅၁ ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ရာ သစ်ချဆိပ်ကျေးရွာတွင်း ကျရောက်ပေါက်ကွဲပြီး‌ (၅၃) နှစ်အရွယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း KNU က ဆိုပါတယ်။

စက်တင်ဘာလ (၁၅) ရက် ညနေပိုင်းမှာလည်း ခမရ (၃၅၁) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ရာ တိုင်ပင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စောမာထူး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာလည်း ခမရ (၃၅၁) တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး (၁) လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ပရဲစီကျေးရွာအနီးပတ်ဝန်းကျင် ကျ‌‌ရောက်ပေါက်ကွဲ ပြီး နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့ကာ ဝက် (၁) ကောင်လည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်းမှာလည်း စက်တင်ဘာလ (၉) ရက် ညနေပိုင်းမှာ နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က ၁၂၀ မမ (၁) လုံး ပစ်ခတ်ခဲ့ရာ ညောင်တန်း ကျေးရွာစာသင်ကျောင်းဝင်းတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းအနည်းငယ် ထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်မြို့နယ်တွင် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၉ ဦး သေပြီး ၁၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ထိခိုက်သေဆုံးမှု များခဲ့ကြောင်း ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် (၄၇) ထံက သိရပါတယ်။
Read More

အာဏာသိမ်းမှုနှင့် ငလျင်ဒဏ် ပြိုင်တူ ခံစားနေရသည့် မြန်မာတွင် လူပေါင်း ၆ သန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေ

အာဏာသိမ်း စစ်ကောင်စီလက်အောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ် အကြီးအကျယ် ခံစားရပြီးတဲ့နောက် အရေးပေါ် အကူအညီတွေ လိုအပ်နေသူ အရေအတွက်ဟာ ၆ သန်းကျော်အထိ ရှိလာပြီလို့ UNICEF က ပြောပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တော်ဝိရွာ အကြမ်းဖက်စခန်းကို PDF ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၁၃ ဦး သေ၊ ရဲအရာရှိ ၂ ဦးနှင့် စစ်သား ၁ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ ရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ တော်ဝိရွာ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံးပြီး ရဲအရာရှိတွေအပါအဝင် သုံ့ပန်း ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့ ဟိုတယ်တွင် အမျိုးသမီးငယ်ကို ခုတ်ထစ်သတ်ဖြတ်ခဲ့မှု လူငယ် ၂ ဦးကို ဖမ်းဆီးရမိဟု စစ်ကော်မရှင် ထုတ်ပြန်၊ အမျိုးသားက ရုပ်ရှင်ထဲကအတိုင်း ရက်ရက်စက်စက် သတ်ကာ ရည်းစားဖြစ်သူက အလောင်းဖျောက်ဖျက်ရာတွင် ကူညီခဲ့

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel မှာ အမျိုးသမီးငယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့သူနဲ့ အလောင်းဖျောက်ဖျက်ရာမှာ ပူးပေါင်းပါဝင်သူတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တိုက်ပွဲအတွင်း စစ်အုပ်စု ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA တပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ရှရောခရွာဘက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက သြဂုတ်လ ၁ ရက်နေ့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အလွန်အကျွံ အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နဲ့ မျက်ချီးနုကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။