စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့နယ်အတွင်း စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ General Strike Coordination Body က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၂ ရက်က ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး စစ်ကော်မရှင်ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချပြုလုပ်တဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကော်မရှင် ကျင်းပမယ့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် ထောင်ချောက်တစ်ခုဖြစ်ကြောင်း ကျေးရွာတွေလှည့်ကာ သပိတ်တရားဟောပြောခဲ့တယ်လို့ သိရပါတယ်။

Video – General Strike Coordination Body

0 Shares:
You May Also Like
Read More

မင်းလှမြို့နယ်အတွင်း စစ်ကော်မရှင်ကပ်ထားသည့် မဲစာရင်းများကို မီးရှို့ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာမှာ ကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့ GTC သို့ ထွက်လာတဲ့ စစ်တပ်ယာဉ်ကို မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့က နည်းပညာတက္ကသိုလ် (GTC) သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ယာဉ် ၂ စီးကို ဇန်နဝါရီ ၂၂ ရက် မနက်ပိုင်းက အဝေးထိန်းမိုင်း ၂ လုံးနဲ့  ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  ကလေးခရိုင်မိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်ထဲ လေယာဉ်နဲ့လာပို့တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေရဲ့ ဒရုန်းစစ်ဆင်ရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲအပြီး စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်တင်းမှုတွေ လုပ်နေပါတယ်။
Read More

Lion Battalion စစ်ကြောင်းက စစ်‌ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာများ လှူဒါန်းပေး (ရုပ်/သံ)

စစ်ဘေးရှောင်အရေးအတွက် အလှူရှင်တွေထံက ရရှိလာတဲ့ စားနပ်ရိက္ခာတွေကို စစ်ရှောင်ပြည်သူတွေဆီ ဆက်လက်လှူဒါန်းပေးခဲ့တယ်လို့ Lion Battalion စစ်ကြောင်းထံက သိရပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ခြမ်း ကျေးရွာမှာ ဝင်ရောက်တပ်စွဲတဲ့ စစ်ကောင်စီတပ်သားတွေကို ‌တော်လှန်ရေးတပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းရှိ အုတ်မြေတူးရွာအတွင်း ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်း တပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကီးကူစစ်ကြောင်းထံက သိရပါတယ်။
Read More

တိုက်ခိုက်ရေးရဲဘော်များအတွက် ကာကွယ်ရေးပစ္စည်း တပ်ဆင်ပေးနိုင်ရန် ပဲခူးခရိုင်တပ်ရင်း ၂ ဖိတ်ခေါ် (ရုပ်/သံ)

ရှေ့တန်းစစ်မျက်နှာပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေဖို့အတွက် ကာကွယ်ရေးပစ္စည်းတွေ တပ်ဆင်ပေးနိုင်ဖို့ လိုအပ်လျက်ရှိတယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) ထံက သိရပါတယ်။