စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဆေးကြောင်နေတဲ့ စစ်သားတွေပါဝင်လာပြီး အဆိုပါ သုံ့ပန်းတွေကို တော်လှန်ရေးရဲဘော်တွေ ဆေးကုသပေးနေတဲ့ ရုပ်သံဖိုင်တွေကို BLDF ရဲဘော်တွေက လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

အဆိုပါစစ်သားတွေကို ဖမ်းမိချိန်မှာ စကားတွေကို ဗလုံးဗထွေးပြောဆိုနေကြပြီး မူမမှန်တဲ့ စိတ် အခြေအနေတွေကို ရုပ်သံဖိုင်အတွင်း တွေ့မြင်ရပါတယ်။

အရင်ဖမ်းဆီးရမိထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်က အဓမ္မစုဆောင်းထားတဲ့ စစ်သားသစ်တွေကို WY ဆေးပြားတွေ သုံးစွဲစေပြီး တိုက်ပွဲဝင်ခိုင်းနေကြောင်း သိရပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်မှာတော့ ကနီမြို့နယ် ချောင်းမရွာမှာ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၆) က ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး ၄ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Video – BLDF ရဲဘော်

0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့ တောင်စုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၁၀ ယောက်သေပြီး ၇ ယောက်ဖမ်းဆီးမိ (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်ကြီးမြို့ တောင်စုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်သေပြီး ၇ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ Falcons Guerilla Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

တနင်္သာရီမြို့နယ် ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုသိမ်-မုံရွာကားလမ်းအတိုင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပုသိမ်-မုံရွာကားလမ်းအတိုင်း တင့်ကားတွေအပါအဝင် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ပြင်ကန်ကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ကာ တန်ဖိုးရှိပစ္စည်းများကို ခိုးယူ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People's Democratic Army ထံက သိရပါတယ်။
Read More

လေကြောင်းရန်ကြောင့် အလှူထမင်းစားဖို့ ကြောက်လန့်နေရတဲ့ အညာဒေသ (ရုပ်/သံ)

အညာဒေသတစ်နေရာရဲ့  အလှူပွဲတစ်ခုမှာ လေယာဉ်သံကြောင့် ထမင်းစားနေသူတွေဟာ ဝရုန်းသုန်းကား ထွက်ပြေးနေကြတဲ့ ဗီဒီယိုတစ်ခု ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ရုရှားနိုင်ငံအရှေ့ပိုင်း ပင်လယ်ပြင်မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အမေရိကန်နှင့် ဂျပန်မှာ ဆူနာမီသတိပေးချက်များ ထုတ်ပြန် (ရုပ်/သံ)

ဇူလိုင် ၃၀ ရက် ဒီနေ့မနက်ပိုင်းမှာ ရုရှားနိုင်ငံအရှေ့ပိုင်းက ကမ်ချက်ကျွန်းဆွယ်အနီး ပင်လယ်ပြင်ကို ဗဟိုပြုပြီး ပြင်းအား ၈ ဒသမ ၈ မဂ္ဂနီကျုုရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။