စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဦးဆောင်တဲ့ ကသည်းလက်နက်ကိုင် တပ်စိတ် ၁ စိတ်လုံး သေဆုံးခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က ကလေးမြို့နယ်၊ နန်းဟန်နွဲ့ရွာကိုရောက်ရှိနေတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို ကလေးခရိုင် အမှတ် (၄) တပ်ရင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း ကသည်းလက်နက်ကိုင် တပ်စိတ် (၁) စိတ်လုံး သေဆုံးခဲ့တဲ့အပြင် အကြမ်းဖက်ဗိုလ်မှူး ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလပထမ အပတ်ကစလို့ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်တဲ့ အကြမ်းဖက်စစ်တပ်မှာ ကသည်းလက်နက်ကိုင်အယောက် ၆၀ အထိ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ ကလေးမြို့နယ်မြောက်ပိုင်း စခန်းကြီးရွာကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာရာမှာ နန်းစောင်းပုရွာသစ်အနီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ပြီး ကသည်းစစ်သုံ့ပန်း ၇ ယောက်ကို အရှင်မိကာ အလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

စစ်အုပ်စုဟာ ကလေး-တမူးလမ်းပိုင်းခေါ် အာရှလမ်းပိုင်းကနေ တမူးနဲ့ ခမ်းပက်မြို့တွေဆီ သွားနိုင်ဖို့ စစ်ကြောင်းထိုးနေတာလို့လည်း သိရပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှု အခြေအနေတွေကြောင့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့တွေ နောက်တန်းပြန်ရောက်နေတယ်လို့လည်း အမှတ် (၁) စစ်​ဒေသက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကလေးမြို့ရှိ အမှတ် (၁၀) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက-၁၀)မှာလည်း ကသည်းလက်နက်ကိုင်တပ်ဖွဲ့အင်အား ၃၀နီးပါးကို ကသည်းလက်နက်ကိုင် တပ်ဖွဲ့တစ်ခုရဲ့ဗိုလ်ကြီး အဆင့်ရှိသူက စစ်သင်တန်းပို့ချပေးနေတယ်လို့ သိရပါတယ်။

“တပ်စိတ်တစိတ်က အနည်းဆုံး လူ ၇ယောက်ပါတယ်။ တိုက်ပွဲဖြစ်တဲ့ နန်းဟန်နွဲ့နဲ့ နန်းစောင်းပုက ကပ်လျက်ပါ။ လက်ရှိတော့ ကသည်းတွေပြန်ဆုတ်ကြတယ်။ ခဏလား အပြီးလားတော့မသိဘူး။ သင်တန်းပေးနေတာတော့ ကလေးမြို့ပေါ်မှာပါ။ အရင်ကတည်းက သင်တန်းပေးနေတာပါ။ အခုတိုက်ပွဲတွေရှိမှမဟုတ်ဘူး” လို့ ကလေးခရိုင် ပကဖ တပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့တဲ့ ကသည်းတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကစလို့ သင်္ဘောတွေနဲ့ စုန်ဆင်းကာ ကလေးမြို့ကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။။ 

အထက်ပါ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်လက်အောက်ခံအဖြစ် တမူးခရိုင်၊ တမူးမြို့နယ်နဲ့ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွေမှာလှုပ်ရှားတာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့မကြာခဏ ထိတွေ့နေခဲ့တာ ဖြစ်ပါတယ်။

တမူးခရိုင်ထဲမှာ People Liberation Army Manipur (PLA-MP/ PLAM)၊ United National Liberation Front (UNLF)၊ People’s Revolutionary Party of Kangleipak (PREPAK)၊ People’s Revolutionary Party of Kangleipak-Progressive (PrePak-Pro)၊ Kangleipak Communist Party (KCP)၊ Kanglei Yawol Kanna Lup (KYKL) စတဲ့ ကသည်းလက်နက်ကိုင်အဖွဲ့တွေရှိပြီး ပူးပေါင်းအင်အား (၅၀၀) ကျော် ရှိတယ်လို့လည်း သိရပါတယ်။

ကသည်းလက်နက်ကိုင် တပ်ဖွဲ့တွေအပြင် နာဂလက်နက်ကိုင် တပ်ဖွဲ့ Nationalist Socialist Council of Nagaland-Khaplang (NSCN-K) ဟာလည်း တမူးခရိုင်နဲ့ ခန္တီးခရိုင်အတွင်း အကြမ်းဖက် စစ်တပ်နဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်တွေကို တိုက်ခိုက်လေ့ရှိတယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်းမှာပဲ အိန္ဒိယစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ-၁) မှူးနဲ့ တွေ့ဆုံခဲပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်း လေ့ကျင့်မှုတွေလုပ်ဆောင်တာ၊ အကြမ်းဖက်စစ်တပ်ကို စစ်ဘက်ဆိုင်ရာ နည်းပညာ၊ လေယာဉ်သုံးပစ္စည်းတွေနဲ့ ဒရုန်းပစ္စည်းထောက်ပံ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ ဆုတ်ခွာနေစဥ် (ဓာတ်ပုံ အမှတ် (၁) စစ်ဒေသ)

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်တွင် စစ်အုပ်စု ၅ ရက်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၅ ရက်တာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

ရခိုင်နှင့် ကယားပြည်နယ်ဘက် လှည့်ပတ်တာဝန်ကျနေ​သည့် ပြည်သူ့စစ် ၂ ဦး မုံရွာခရိုင် တပ်ရင်း (၁) ထံ ထွက်ပြေးခိုလှုံလာ

အညာဒေသကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရခိုင်နဲ့ ကယား စစ်​မျက်နှာတွေဆီ ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်၂ယောက် တပ်ရင်းထံ ထွက်ပြေးခိုလှုံလာကြောင်း မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ရေးဗိုလ်က မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် မြို့များတွင် လူငယ်များ ပေါ်တာဆွဲဖမ်းဆီးခံရမှု ဆက်တိုက်ဆိုသလိုရှိနေ

ရန်ကုန်တိုင်းအတွင်းက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားရာ မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရမှု အခြေအနေ ပိုမိုဆိုးရွားလာပြီး စစ်အုပ်စုလက်ပါးစေ ပျူစောထီးတွေက ဦးဆောင်လုပ်ကိုင်နေတယ်လို့ Rangoon Scout Network တာဝန်ရှိသူ မောင်းကို ပြောပါတယ်။
Read More

KNDF ဗျူဟာ (၆) စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘောလခဲ မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးနဲ့ ရဲတပ်ကြပ်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ ဘောလခဲ PDF ထံ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက်နဲ့ ရဲတပ်ကြပ် ၁ ယောက်ဟာ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) ဆီ ဒီဇင်ဘာလအတွင်း အလင်းဝင်ရောက် ခိုလှုံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမှာ ပေါ်တာဆွဲခံရတဲ့ အမျိုးသား ၁ဦး စစ်တပ် ရိုက်နှက်မှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေက အမျိုးသား ၁ယောက်ကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရိုက်နှက်မှုကြောင့် အဆိုပါ အမျိုးသား သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။