ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၅) ကို KNDF တပ်ဖွဲ့ရဲ့ စစ်ရေးချုပ် ခူးရီးဒူ လာရောက်တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။

KNDF တပ်ရင်း (၅) က ရဲဘော်ရဲဘက်တွေအနေနဲ့ အကြမ်းဖက်စစ်တပ် ထိုးစစ်ကြောင့် အဖက်ဖက်ကနေ ကာကွယ်ခုခံနေရပြီး နေစဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေသလို နေ့ရက်တိုင်း ခက်ခဲပင်ပန်းမှုတွေ ကြုံတွေ့နေရတာကြောင့် KNDF စစ်ရေးချုပ်က အခုလို လာရောက်တွေ့ဆုံတာဖြစ်တယ်လို့ ဆိုပါတယ်။

KNDF စစ်ရေးချုပ်က တပ်ရင်းအမှတ်(၅) ရဲဘော်ရဲဘက်တွေရဲ့ တိုက်ပွဲအခြေအနေနဲ့ စစ်ဆင်ရေးလက်ရှိအခြေအနေတွေကို အကျဉ်းချုပ် မေးမြန်းခဲ့ပြီး လိုအပ်ချက်တွေ၊ နေ့စဉ်အသုံးအဆောင်တွေနဲ့ စစ်ရေးဆိုင်ရာလိုအပ်ချက်တစ်ချို့ကိုလည်း မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ရေးချုပ်က ရဲဘော်ရဲဘက်တွေကို စစ်ဆင်ရေးမှာ မမေ့မလျော့ ဆက်လက် တာဝန်ထမ်းဆောင်နိုင်အောင် အားပေးစကားတွေ ပြောကြားခဲ့သလို တပ်ရင်းအတွင်း တိုက်ခိုက်ရေးရဲဘော်ရဲဘက် သူရဲကောင်းတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း လေးစား ဂုဏ်ယူကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်း ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးမြင့်ထွေး အသီးသီး ရွေးကောက်တင်မြှောက်ခံရ

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွက် ကြားကာလအစိုးရ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦးကို ရွေးကောက်တင်မြှောက်လိုက်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ဒီနေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွှေတိဂုံစေတီတော် အထက်ပစ္စယံပေါ် ဝရမ်းပြေး မင်းအောင်လှိုင် တက်ရောက်ရွှေသင်္ကန်းကပ်

လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်နဲ့ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်းကြေညာခံထားရပြီး  ရက်ပိုင်းအကြာမှာပဲ  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ရဲ့ အထက်ပစ္စယံအထိ တက်ရောက်ပြီး ရွှေသင်္ကန်းကပ်လှူခဲ့တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ခမရ (၅၅၆) မှ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ငွေကျပ်သိန်း(၆၀) ချီးမြှင့်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) ခြေမြန်တပ်ရင်းက တပ်သား(၁) ယောက် တနင်္သာရီမြို့တွင်း လုံခြုံရေးတာဝန်ကျနေချိန် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

NUG ကို တရားဝင် ပြည်သူ့အစိုးရအဖြစ် ILO မှတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ထိုက်သင့်သည့်အောင်မြင်မှု ရရှိနေပြီဟု ယာယီသမ္မတ ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင် ပြည်သူ့အစိုးရအဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကတဆင့် စတင်အသိအမှတ်ပြုမှုရရှိရေး ကြိုးပမ်းနေရာ ထိုက်သင့်တဲ့ အောင်မြင်မှု ရရှိနေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းရှိ People’s Healthcare Network (Kalay) ၏ ကျန်းမာရေးစင်တာမှာ ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ People's Healthcare Network (Kalay) ရဲ့ Medical Centre (2)၊ PHN (Kalay) ကို ဖွင့်လှစ်ထားပြီး ဒေသခံပြည်သူတွေ၊ စစ်ရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ပြည်သူဆီက ဆက်ကြေးကောက်နေသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေဆီက ငွေကြေးကောက်ခံနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁ယောက်သေ၊ ၂ယောက် ဒဏ်ရာရခဲ့တယ်လို့ Area 71 LPDF Monywa တပ်ဖွဲ့ထံက သိရပါတယ်။