အတုအယောင်ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါ အမျိုးသား ၉ ယောက်ကို အမှုဖွင့်ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်နေ အမျိုးသားတွေဖြစ်ကြပြီး ရွေးကောက်ပွဲပျက်ပြားအောင် ဆန္ဒပြလှုံ့ဆော်တာတွေ လုပ်ခဲ့တာကြောင့် ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်‌‌ပေး‌ရေးဥပဒေပုဒ်မ ၂၃ (က)နဲ့ အမှုဖွင့်ထားတယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ထုတ်ပြန်လာတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်က လူငယ် ၅ ယောက်ကို ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားစေဖို့ လှုံ့ဆော်မှုတယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ကာ လွိုင်ကော်မြို့ မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မောင်ပိုင်ပိုင်စိုး (ခ) မျိုးမင်းခန့် (ခ) ပိုင်စိုး ၁၈နှစ်၊ မောင်ဟန်ထွန်းအောင် (ခ) ရဲမင်းကိုကို (ခ) ဟန်ကြီး ၁၈နှစ်၊ မောင်အောင်နိုင်လင်း ၁၇နှစ်၊ မောင်ဖြိုးပိုင်ဇေအောင် ၁၆နှစ် နဲ့ မောင်ထွန်းနေဦးလှိုင် ၁၄နှစ် တို့ ဖြစ်ပါတယ်။

မန္တလေး မဟာအောင်မြေမြို့နယ်တွင် စစ်ကော်မရှင်က စမ်းသပ်မဲပေးပွဲ ပြုလုပ်စဉ်

အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့မှာလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်နေ ကိုရဲသူရအောင် ၃၆နှစ်၊ ကိုကျော်ဝဏ္ဏ ၂၅နှစ်၊ ဦးချစ်ဝင်း ၄၅နှစ်နဲ့ ကိုပြေထွန်း ၃၄နှစ်တို့ကို ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားစေဖို့ လှုံ့ဆော် ဆန္ဒပြမှုတွေရှိတယ်ဆိုပြီး ရွှေပြည်သာ မြိုမရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို ပိတ်ပင်တားဆီးနိုင်ဖို့အတွက် ကြိုးပမ်းသူတွေကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်ကနေ တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်တွေအထိ ချမှတ်နိုင်တဲ့ဥပဒေတစ်ရပ် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပြဌာန်းခဲ့ပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံထားရသူ ၁၄ယောက်အထိ ရှိလာပြီဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုဝေဖန်ခွင့်တွေ ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်က စစ်ဘေးရှောင် ၁ယောက်အပါ အရပ်သား ၅ယောက်လည်း အလားတူ ရွေးကောက်ပွဲကို ဝေဖန်ကန့်ကွက်မှုနဲ့ ဖမ်းဆီးခံထားရပါသေးတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးထိန်းသိမ်းထားသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်သွား…

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချုပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ Gan Gaw New Media မှ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပြည်သူကို စစ်မှုထမ်းအကြောင်းပြ ငွေညှစ်နေသည့် အုပ်ချုပ်ရေးမှူး နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စ​စ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေတဲ့ ခွက်မ အုပ်စု အုပ်ချုပ်ရေးမှူး ဆိုသူ နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။
Read More

ခရစ္စမတ်နှင့် နှစ်သစ်ကူးတွင် လူစုလူဝေးမလုပ်ရန် အရေးကြီးကာလအဖြစ် ကရင်နီပြည်တပ်မတော် ကြေညာ

အကြမ်းဖက်စစ်တပ် အန္တရာယ်ပြုလာနိုင်တဲ့အတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ကရင်နီပြည်အတွင်း လူစုလူဝေးမလုပ်ဖို့ ဒီနေ့ ဒီဇင်ဘာ ၁၉ရက် ကစပြီး အရေးကြီးကာလအဖြစ် သတ်မှတ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) က ထုတ်ပြန်ပါတယ်။
Read More

စိတ်ရင်းစေတနာကောင်းနဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်၊ အဂတိလိုက်စားသူရဲ့ ပိုင်ဆိုင်မှုကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံအတွက် စိတ်ရင်းစေတနာကောင်းကို အရင်းခံပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်နေတယ်လို့  ပြောကြားလိုက်ပါတယ်။
Read More

ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ  မြန်မာနှင့်ဆက်နွယ်နေသည့် တရုတ်စီးပွါးရေးလုပ်ငန်းများတွင် ပါဝင်နေမှုကြောင့် စုံစမ်းစစ်ဆေးပေးဖို့ JFM တောင်းဆို 

ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  ဂျူလီဘိရှော့ဟာ မြန်မာနဲ့ဆက်နွယ်နေတဲ့ တရုတ်စီးပွါးရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတာကြောင့် အကျိုးစီးပွားပဋိပက္ခတွေ ရှိမရှိ ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar (JFM) က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်း ၂ ခုထဲက ခမရ ၅၆၃ တပ်ရင်းကို AA သိမ်းပိုက်၊ ခမရ ၅၆၂ တပ်ရင်းကိုလည်း အပြင်းအထန် ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ ဂွမြို့အခြေစိုက် မြို့စောင့်တပ်ရင်း ၂ ခုထဲ တစ်ခုဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၆၃ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေတဲ့ ခမရ ၅၆၂ တပ်ရင်းကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ရခိုင်ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။