မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ဆိုင်ကယ်မရပ်ပေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သား ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ၂ ရက်ပဲ ခြားပြီး ပစ်သတ်ခဲ့ကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းက ဝမ်းတွင်းမြို့နယ်၊ မန်ကျည်းတောရွာအနီးမှာ လမ်းပိုင်းစစ်ဆေးရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်သားတွေက ဆိုင်ကယ်မောင်းနှင်လာသူ ၁ ယောက်ကို ဆိုင်ကယ်မရပ်ပေးမှုနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ စက်တင်ဘာ ၂၂ ရက်၊ မနေ့ညပိုင်းကလည်း ထီးလှိုင် အနောက်ရွာလမ်းမှာ ဆိုင်ကယ်မောင်းနှင်နေသူ ၁ယောက်ကို  အကြမ်းဖက်တပ်ဖွဲ့ဝင် ကင်ပုန်းက ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

ဒီလိုပစ်ခတ်မှုလုပ်ဆောင်တာဟာ မရပ်ပေးတာကြောင့် မဟုတ်သလို အထက်ပါ စစ်ကော်မရှင်တပ်သားတွေဟာ အချိန်ပြည့် မူးယစ်သောက်စားထားကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“မနေ့ညဟာက ပုံမှန်စစ်နေတဲ့နေရာ မဟုတ်ဘူး။ သူတို့ဘာသာ ကင်းပုန်းဝပ်နေကြတာ။ နောက်ပြီး အဲ့ကောင်တွေက အချိန်တိုင်းအရက်မူးနေတာ။ အရက်မဟုတ်ရင် ဆေးသုံးထားကြတာ။ ပြည်သူတစ်ယောက်ကို သူတို့မျက်စေ့နောက်ရင် ပစ်တဲ့ပုံစံမျိုးပါ။ နောက်ပြီး ပြည်သူတိုင်းက သူတို့တားပြီဆို ရပ်ပေးတယ်။ ဆိုင်ကယ်တောင် စီးခွင့်မရှိဘူး။ ဆင်းတွန်းရတယ်” လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်ခံရသူဟာ ထီးလှိုင်အနောက်ရွာနေ ကြံ့ခိုင်ရေးပါတီဝင် ၁ယောက်ရဲ့သား ဖြစ်ပြီး ဒီနေ့အချိန်ထိ အလောင်းပြန်မရသေးဘူးလို့လည်း သိရပါတယ်။

“အလောင်း အခုချိန်အထိ ပြန်မပေးသေးဘူးလည်းပြောတယ်။ သေသွားတဲ့ကောင်လေးက အသက်မသိရဘူး။ သူ့အဖေက ကြံ့ဖွတ်အမာခံပါ။ ညဘက်မထွက်ရချိန်မို့ ပစ်တယ်ဆိုတာကလည်း လျှောက်ပြောတာပါ။ သူတို့အမိန့်ထုတ်ထားတာ ဘယ်သူမှမသိဘူး။ ပစ်သတ်ခံရပြီးမှ သိကြတာ။ ဒီအတိုင်းမူးရူးပြီး ပစ်သတ်တာပါ” လို့ Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဝမ်းတွင်းမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းသူ အရပ်သားတွေကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်တဲ့ဖြစ်စဥ်တွေဟာ အခုမှမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းကလည်း အလားတူဖြစ်ခဲ့ပြီး အရပ်သားတချို့ ဆေးရုံတက်ရောက်ကုသရတာမျိုးတွေ ရှိခဲ့ပါတယ်။

ဝမ်းတွင်းမြို့နယ်အပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက သုံးဘီးဆိုင်ကယ်မောင်းနှင်တဲ့ လူငယ် ၂ ယောက်ကို အကြမ်းဖက်စစ်တပ်လှည့်ကင်းက ဆိုင်ကယ်မရပ်ပေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ဖက်ဆစ်အသွင်ကူးပြောင်းသွားသည့် စစ်တပ်ကို တော်လှန်နေသည့် လက်ရှိကာလသည် ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဟု NUG ပြော

ပြည်သူကို ကာကွယ်ရမယ့် ​စစ်တပ်အဖြစ်ကနေ ဖက်ဆစ်အသွင်ကူးပြောင်းသွားတဲ့ စစ်တပ်ကို တော်လှန်နေတဲ့ လက်ရှိကာလဟာ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

တီးတိန်မြို့နယ်မှာ စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland ဖျက်ဆီးခဲ့

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း စိုက်ပျိုးထားတဲ့ ဘိန်းဧက ၂၀ ကျော်ကို PDF Zoland က ဖျက်ဆီးခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တိုက်ပွဲဝင်နေတဲ့ 96 Soldiers PDF တော်လှန်ရဲဘော်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်၊ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတွင် စစ်ရေးကြောင့် ပိတ်မိနေသည့်နေရာကို စစ်အုပ်စု ဗုံးကြဲ၊ ပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းကြောင့် ပိတ်မိနေတဲ့ စစ်ကိုင်း-ကျောက်မြောင်း လမ်းပိုင်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက မောင်းကို ပြောပါတယ်။
Read More

အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံဖို့ ဆောင်ရွက်ပေးမယ်လို့ မင်းအောင်လှိုင် ဆိုပြန်

အုပ်ချုပ်သူအစိုးရ၊ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေးကို ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။