ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ မတရား ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသူဟာ သူနဲ့အတူနေထိုင်တဲ့ ရဲကို သတ်ပြီး သေနတ်လုယူကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ ၃၈၀၁ ထံက သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ စိုင်းမြတ်ကို ဆိုသူဟာ စက်တင်ဘာလ ၁၀ ရက်နေ့တုန်းက တောင်ညိုကွက်သစ် ရဲစခန်းက ရဲတွေ ဆိုင်ကယ်ဖမ်းနေချိန် စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် စက်တင်ဘာ ၂၁ရက်နေ့ အဆိုပါ ရဲစခန်းမှာ ရဲတွေတန်းစီနေချိန် သူနဲ့အတူနေတဲ့ ပေါင်းတည်ဘက်က ပြောင်းရွှေ့လာတဲ့ ရဲတစ်ယောက်ကို ဓားနဲ့ ရှင်းလင်းခဲ့ကာ သေနတ်ယူဆောင် အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့ဆီ ညတွင်းချင်း ရောက်လာခဲ့တာပါ။ လှုပ်ရှားဖြစ်စဥ်ကို သတင်းရရှိပြီး သူရှိတဲ့နေရာကို သွားရောက်ခေါ်ဆောင်ခဲ့တာပါ။ အဆက်အသွယ်တော့ ရှိပါတယ်” လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ ၃၈၀၁ တပ်ဖွဲ့ တပ်ရင်းမှူး ရဲဘော်မိုးကြိုးက မောင်းကို ပြောပါတယ်။

အလင်းဝင်လာသူဟာ သူနဲ့အတူ G3 သေနတ် ၁လက်၊ G3 ကျည် ၁၀ တောင့်နဲ့ ကျည်ဘောက် ၁ခု ယူဆောင်လာတဲ့အတွက် ဂုဏ်ပြုဆုငွေ သိန်း ၂၀ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ စိုင်းမြတ်ကို ထွက်ပြေးလာပြီးတဲ့နောက် စစ်ကော်မရှင်က တောင်ညိုကွက်သစ် ရဲစခန်းအနီးတဝိုက် လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်တာမျိုးတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“တောင်ညိုရဲစခန်းမှာ မြို့နယ်အရာရှိ ကားလေး ၄စီးနဲ့ ရောက်ရှိလာပြီး ထွက်ပြေးလာတဲ့ လူငယ်ရဲ့ မိသားစုအိမ်ကို လာရောက်ရှာဖွေတာတွေ ရှိတယ်။ စခန်း အနီးအနား သေနတ်သံတွေ ဆူညံပြီး တုန်လှုပ်ခြောက်ခြားနေပုံရပါတယ်” လို့ တပ်ရင်းမှူး ရဲဘော်မိုးကြိုးက ဆက်ပြောပါတယ်။

ပေါ်တာဆွဲခဲ့ရပေမယ် စစ်ကော်မရှင်တပ်ထံက ထွက်ပြေးလွတ်မြောက်လာတဲ့ စိုင်းမြတ်ကိုဟာ အခြေခံစစ်သင်တန်းတက်ရောက်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ တော်လှန်ရေးမှာ ပါဝင်သွားမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

Special Operation Group(SOG) စစ်ကြောင်းရဲ့ အထူးစစ်ဆင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group - SOG (P-29916) စစ်ကြောင်းက ပြုလုပ်တဲ့ အထူးစစ်ဆင်ရေး မွမ်းမံသင်တန်းနဲ့ မြို့ပြစစ်ဆင်ရေးသင်တန်းရဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မှာ ရဲတပ်ကြပ် ၁ ယောက် ဇနီးသည်နဲ့အတူ လက်နက်ယူဆောင်ပြီး အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲတပ်ကြပ်၁ယောက် ဇနီးသည်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သယ်ဆောင်ပြီး မြိုင်ပကဖထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

မင်းလှမှာ USDP ရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်..

“ကျွန်တော်တို့ အချိန်ယူ ပြင်ဆင်တိုက်ခိုက်ခဲ့တာပါ။ မြို့တွင်းနေရာဖြစ်နေတော့ ပြည်သူ မထိခိုက်ရေး အဓိကထား လုပ်ဆောင်ခဲ့ပါတယ်” လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ BGF တပ် အခြေခံစစ်ပညာသင်တန်း ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် မနေ့က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မဲဇလီ-ဆည်တော် စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်၊ ဘန်ကာ ၃ လုံး ပြိုကျပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ယောက်သေဆုံးပြီး (၁) ယောက် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ မကွေးတိုင်း ပ.က.ဖ ရဲ့ ရွေ့လျားစစ်ကြောင်း Yenanthar Column က ထုတ်ပြန်ထားပါတယ်။
Read More

သြဂုတ်လအတွင်း Yangon Army (YA) ၏ ၃ခုမြောက်မစ်ရှင်အဖြစ် လှည်းကူး အောင်မင်္ဂလာရပ်ကွက်ရုံးကို မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က အကြမ်းဖက် စစ်တပ်လက်ပါးစေတွေရှိရာ အောင်မင်္ဂလာရပ်ကွက်ရုံးကို ပြင်းအားမြင့်မိုင်းတွေနဲ့သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။