စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းဟန်နွဲ့ရွာရှိ စစ်ကော်မရှင်နဲ့ ပူးပေါင်းနေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ တပ်စိတ် ၁ စိတ်ခန့် သေဆုံးခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသမှ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်ကစတည်းက နန်းစောင်းပုရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် ဗိုလ်ဦးစီးသည့် အင်အား ၆၀ ခန့်ရှိ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို စက်တင်ဘာ ၁၅ ရက်က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့မှ တပ်စိတ် ၁ စိတ်စာခန့် သေဆုံးခဲ့ပြီး အထိနာကာ နောက်တန်းသို့ ပြန်လည်ပို့ဆောင်ခံထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဗိုလ်ကြီးဉီးစီးတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့အင်အား ၃၀ ခန့်ဟာ ကလေးမြို့ရှိ အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး (တတက-၁၀) အရာရှိသင်တန်းမှ အရာရှိ သင်တန်းတက်ရောက်နေကြတယ်လို့ ဖမ်းဆီးမိထားတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်က ပြောကြောင်း အမှတ် (၁) စစ်ဒေသမှ ထုတ်ပြန်ထားပါတယ်။ 

ကလေးလက်နက်ကိုင်တပ်ဖွဲ့ဟာ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ယခင်က အခြေချနေထိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို မကြာခဏတိုက်ခိုက်လေ့ရှိသော်လည်း ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ဟုမ္မလင်းမြို့ကနေ စုန်ဆင်းလာတဲ့ သင်္ဘောတွေနဲ့ ကလေးမြို့သို့ စတင်ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။

တမူးခရိုင်အတွင်းရှိ ကသည်းလက်နက်ကိုင် တပ်ဖွဲ့များမှာ People Liberation Army Manipur (PLA-MP/ PLAM)၊ United National Liberation Front (UNLF)၊ People’s Revolutionary Party of Kangleipak (PREPAK)၊ People’s Revolutionary Party of Kangleipak-Progressive (PrePak-Pro)၊ Kangleipak Communist Party (KCP)၊ Kanglei Yawol Kanna Lup (KYKL) တို့ဖြစ်ပြီး ပူးပေါင်းအင်အား (၅၀၀) ကျော်ခန့်ရှိတယ်လို့ သိရပါတယ်။

Video – အမှတ်-၁ စစ်ဒေသ

0 Shares:
You May Also Like
Read More

မင်းရွာအကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၅ ကြောင်းခွဲ စခန်းသိမ်းတိုက်ပွဲဆင်နွှဲ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မင်းရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်း ၅ ကြောင်း ခွဲကာ ဒီဇင်ဘာ ၇ ရက် မနေ့က မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ် ၆၀ ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းတုန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေတဲ့ ပျူစောထီးကို ဖမ်းဆီးမိ (ရုပ်သံ)

မကွေးတိုင်း မင်းတုန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချနေတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီး ၁ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄တပ်ရင်းမှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းက မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ မူးယစ်ဆေးများ သယ်ယူရောင်းချနေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ တပည့်တစ်ဦးကို မူးယစ်ဆေးဝါး(WY)အလုံးရေ တစ်သောင်းနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို အစောင့်လိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်းရှိ တပ်မ ၃၃ မှ မုံရွာမြို့ဘက်သို့ ကြေးနီသယ်လာတဲ့ တွဲယာဉ် ၅၀ ခန့်ကို လုံခြုံရေးပေးဖို့ လိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၈ စီးကို ဇန်နဝါရီ ၂၂ ရက်က ချောင်းဦး-မြင်းမူ လမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့ စစ်အုပ်စုကို လိုက်လံရှာဖွေတိုက်ခိုက်မှု ပျူစောထီး အများအပြားသေပြီး ဖမ်းဆီးခံ လူငယ် ပြန်လည်လွတ်မြောက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ် စွပ်ကျယ်စက်ရုံကနေ အင်အား ၃၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီ ၁၁  ရက် မနက်ပိုင်းက ခြေလျင်စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ လူငယ် ၁ ယောက်ကို ပေါ်တာဆွဲသွားတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့တယ်လို့   မြင်းခြံခရိုင်တပ်ရင်း(၃) ထံက သိရပါတယ်။
Read More

တိုက်ပွဲပြင်းထန်လာတဲ့ ဗန်းမော်မြို့မှာ ပြည်သူများ မြို့လုံးကျွတ်စစ်ဘေး‌ရှောင် (ရုပ်/သံ)

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာတဲ့အတွက် ပြည်သူများ မြို့ လုံးကျွတ်စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးစတင်ကတည်းက စွဲကိုင်လာတဲ့ CDM နဲ့ ဘူးသပိတ်လှုပ်ရှားမှုကို အရှိန်တင်ဖို့ လိုအပ်နေပြီလို့ ဒေါက်တာ တေဇာစန်း ပြောကြား (ရုပ်/သံ)

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ပြည်သူတွေက လူထုသပိတ်တိုက်ပွဲပြုလုပ်ခဲ့ကြတယ်လို့  ဒေါက်တာတေဇာစန်းက လူမှုကွန်ရက်ကနေ အသိပေးပြောကြားလာပါတယ်။