ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၁) လုံးနဲ့ စာသင်ကျောင်း (၁) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

ရွှေကျင်မြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇) ရက် ညနေပိုင်းက ညောင်လေးပင်မြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ-၂၀ တပ်ရင်းက ဒရုန်းနဲ့ ကောက်မယ်သူ ကျေးရွာထဲ ဗုံးကြဲပစ်ခတ်ခဲ့ရာ နေအိမ် (၁) လုံး ထိမှန်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

မူးမြို့နယ်မှာလည်း စက်တင်ဘာလ (၉) ရက် နေ့လယ်ပိုင်းက အကြမ်းဖက် စစ်တပ်က ရန်မတီးကနေ ၈၁ မမ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ရာ ညောင်ပင်သာကျေးရွာအတွင်း ကျ‌ရောက်ပေါက်ကွဲပြီး (၅) နှစ်အရွယ် ကလေးငယ် ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၀) ရက် ညနေပိုင်းမှာ ခမရ ၃၅၁ ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ရာ သစ်ချဆိပ်ကျေးရွာတွင်း ကျရောက်ပေါက်ကွဲပြီး‌ (၅၃) နှစ်အရွယ် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း KNU က ဆိုပါတယ်။

စက်တင်ဘာလ (၁၅) ရက် ညနေပိုင်းမှာလည်း ခမရ (၃၅၁) တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၁) လုံး ပစ်ခတ်ခဲ့ရာ တိုင်ပင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စောမာထူး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာလည်း ခမရ (၃၅၁) တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး (၁) လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ပရဲစီကျေးရွာအနီးပတ်ဝန်းကျင် ကျ‌‌ရောက်ပေါက်ကွဲ ပြီး နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့ကာ ဝက် (၁) ကောင်လည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်းမှာလည်း စက်တင်ဘာလ (၉) ရက် ညနေပိုင်းမှာ နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က ၁၂၀ မမ (၁) လုံး ပစ်ခတ်ခဲ့ရာ ညောင်တန်း ကျေးရွာစာသင်ကျောင်းဝင်းတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းအနည်းငယ် ထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်းမှာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၆ ဦး သေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) ထံက သိရပါတယ်။
Read More

သဲကုန်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၃ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်နီတောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့  စစ်ကော်မရှင်တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်ဘက်က ၁၃ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ခရိုင် စစ်ရေးတာဝန်ခံထံက သိရပါတယ်။ 
Read More

မြန်မာနိုင်ငံရှိ နိုင်ငံသားတိုင်း လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီ ဟု TNLA ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် အခြေမတည်နိုင်မှုနဲ့ ဌာနေ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရမှုတို့ရဲ့ အဓိက တရားခံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ရေတာရှည်မှာ PDF ၂ ယောက် အသတ်ခံရပြီး ၃ ယောက် အဖမ်းခံရ

ပဲခူးတိုင်း၊ ဇရစ်စမ်းကျေးရွာနားက ချောင်းမကျည်းဆည်အနီး တစ်နေရာမှာ PDF ရဲဘော်၂ယောက် အသတ်ခံရပြီး ၃ ယောက်ကတော့ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် (၈) သင်တန်းဆင်းပွဲ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

AA နဲ့ ရခိုင်လူမျိုးတွေ ကိုပစ်မှတ်ထား တိုက်ခိုက်ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ ချန်နယ်အချို့ ရပ်ဆိုင်း

ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။