စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ စစ်ကော်မရှင်တပ်က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

တမူးခရိုင်၊ မြို့သစ်မြို့နယ်၊ ကျွန်းပင်သာရွာမှာ အခြေပြုတပ်စွဲထားတဲ့ ခမရ (၃၄၇) က ဒုတပ်ကြပ် ကိုသန့်ဇင်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ရက်‌နေ့မှာ MA-11 သေနတ် ၁လက်၊ ကျည်ဘောက် ၁ခု၊ ၅.၅၆ ကျည် ၂၅ တောင့်တို့ကို ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

“ဆက်သွယ်ပြီး ဝင်လာတာမျိုး မဟုတ်ဘူး။ ကျနော်တို့ စစ်ဆိုင်ထားတဲ့ မြို့သစ်မြို့နယ်၊ ကျွန်းပင်သာကျေးရွာ စစ်မြေပြင်ကနေ ကျနော်တို့ရှေ့ ပွိုင့်ကို ရောက်ရှိလာတာပါ။ အလင်းဝင်ရောက်လာသူ သဘောအလျောက် လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးသွားမှာပါဗျ” လို့ တမူးခရိုင် အမှတ် (၂) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်နက်ယူဆောင် အလင်းဝင်လာတဲ့ ဒုတပ်ကြပ်ကို ဂုဏ်ပြုဆုငွေ သိန်း ၅၀ ပေးအပ်ချီးမြှင့်ခဲ့ပြီး အလင်းဝင်ရောက်တာနဲ့ ပတ်သက်လို့ မြေပြင်အခြေအနေကြောင့် အခုမှ ထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုသန့်ဇင်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က သူ့မိဘတွေထံမှာ စစ်မှုထမ်းကြေးဆိုပြီး ငွေ ၁၁ သိန်း လာရောက်ကောက်ခံရာ မပေးချင်တဲ့အတွက် စစ်တပ်ထဲ ရောက်လာခဲ့တယ်လို့ သိရပြီး အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ထောက်ခံသူ မရှိသလောက် နည်းပါးလာတာ သိရတဲ့အတွက် အချိန်မလွန်ခင် အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကိုသန့်ဇင်ဦးက ပြောကြောင်း တမူးခရိုင် အမှတ် (၂) တပ်ရင်းထံက သိရပါတယ်။

တမူးခရိုင်အတွင်း ထပ်မံအလင်းဝင်လာမယ့် စစ်ကော်မရှင်တပ်သားတွေ၊ ပြည်သူ့စစ်တွေကိုလည်း အချိန်မ‌ရွေး နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးကို ပြန်တိုက်မည့် အလင်းဝင် တပ်သားများ သင်တန်းဆင်းပွဲ

အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို ပြန်လည်တိုက်ခိုက်မယ့်၊ စစ်ကောင်စီထံကနေ အလင်းဝင်လာတဲ့ တပ်သားတွေကို ကျားသစ်နက်စစ်ကြောင်းက ဦးစီးပြီး အထူးတိုင်း ဗျူဟာအမှတ် ၃၂ အောင်ဇေယျ အပတ်စဥ် သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

အိန္ဒိယနှင့် မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့များ အသီးသီး ပြန်လည်ထွက်ခွာ

မြန်မာ့ငလျင်ဘေးအတွက် ရောက်ရှိလာတဲ့ အိန္ဒိယနဲ့မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ထွက်ခွါသွားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ မှ တပ်ခွဲမှူး တော်လှန်ရေးရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၃) တပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရဲစခန်းမှ ထွက်လာသည့် စစ်တပ်စစ်ကြောင်း ကြားဖြတ်ခံရပြီး ၄ ဦး သေ၊ ၂ ဦး ဒဏ်ရာရ၊ စစ်တပ်က အရပ်သားအချို့အား ဓားစာခံအဖြစ် ဖမ်းဆီးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် အရပ်သားတချို့ ဓားစာခံလုပ်ဖမ်းဆီးခံရကြောင်း Special Task Force (Ngazun) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

နပခ ကနေ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို CDF- Asho က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မုံရွေးတိုးဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်မှု စစ်အုပ်စု ၈ ဦး သေပြီး၊ လက်နက် ၅ လက် ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ မုံရွေးတိုးဂိတ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ အကြမ်းဖက် စစ်သား ၈ ယောက် သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။