လက်နက်အထောက်အပံ့နဲ့ စစ်ရေးအတွေ့အကြုံတွေ ပေးတဲ့ အာရက္ခတပ်တော် AA နဲ့ ပထမဆုံး စစ်သင်တန်းမှာ ပညာသင်ကြားပေးခဲ့တဲ့ CDF-Mindat ကို ကျေးဇူးတင်ကြောင်း ချင်းတော်လှန်ရေးတပ်တစ်ဖွဲ့ဖြစ်တဲ့ CDF-Daai က တပ်တည်ထောင်ခြင်း ၄ နှစ်ပြည့်နေ့ စက်တင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

CDF-Daai တပ်ကို ကျစ်လစ်ခိုင်မာပြီး အင်အားကောင်းမွန်လာစေရေးအတွက် AA က စစ်သင်တန်း၊ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ပြီး ရှေ့တန်းစစ်မြေပြင် အတွေ့အကြုံတွေ ရရှိနိုင်ဖို့လည်း လက်တွဲခေါ်ယူခဲ့တဲ့အတွက် AA အာလဖာ ၃ စစ်ဒေသကို ကျေးဇူးတင်ကြောင်း CDF-Daai က ဆိုပါတယ်။

AA နဲ့ CDF-Daai တို့ကြားမှာလည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ မဟာမိတ်ဆက်ဆံရေး ဆက်လက်တည်ဆောက်သွားမယ်လို့ CDF-Daai က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် CDF-Daai တပ်ဖြစ်ပေါ်လာရေးအတွက် ပထမဆုံး အပတ်စဉ် ၁ နဲ့ ၂ စစ်သင်တန်းကို ပညာသင်ကြားပေးခဲ့တဲ့ CDF-Mindat ကိုလည်း ကျေးဇူးတင်ကြောင်း CDF-Daai က ဆိုထားပါတယ်။

၄ နှစ်တာကာလအတွင်း CDF- Daai ကို အဖက်ဖက်ကနေ ကူညီပေးခဲ့တဲ့ ပြည်တွင်းပြည်ပရှိ အလှူရှင်အားလုံးကိုလည်း အထူး ကျေးဇူးတင် ရှိကြောင်းနဲ့ တော်လှန်ရေးအရှိန်မပျက်အောင် တိုက်ပွဲဝင်နိုင်ဖို့အတွက် ဆက်လက်ကူညီပံ့ပိုးပေးဖို့ တိုက်တွန်းထားပါတယ်။

ချင်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ် ၄ ခုအတွင်း ပြန့်ကြဲနေထိုင်တဲ့ ဒိုင်ရ်မျိုးနွယ်စုတွေကို စုစည်းပြီး ဒိုင်ရ်ဒေသန္တရကောင်စီ DRC ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးယူနစ်တစ်ခုဖွဲ့စည်းရေး အိပ်မက်ကို ဆောင်ရွက်ခဲ့ရာမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့သလို ဒိုင်ရ်ဒေသအားလုံး အုပ်ချုပ်ရေးယူနစ်တစ်ခုအောက် စုစည်းမှုအောင်မြင်တဲ့အထိ ဆက်လမ်းကြိုးပမ်းသွားမယ်လို့ CDF-Daai က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နဂါးနီစစ်ကြောင်းမှ စစ်ရေးအခြေအနေအရ မထုတ်ပြန်ခဲ့သည့် CDM တပ်ကြပ်ကြီးအပါ ကျဆုံးရဲဘော် ၅ ဦး…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နဂါးနီစစ်ကြောင်း P-29903 က စစ်ရေးအခြေအနေအရ မထုတ်ပြန်ထားခဲ့တဲ့ ကျဆုံး ရဲဘော် ၅ ယောက်ကို မနေ့က ညပိုင်းမှာတော့ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အသိပေး ထုတ်ပြန်လာပါတယ်။
Read More

ပဲခူးခရိုင်အမှတ် (၂) တပ်ရင်း စိုးမိုးနယ်မြေမှာ ဗိုလ်ချုပ် နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF ဗဟိုကော်မတီဝင်များ KNDF တပ်ရင်း ၁ ထံတွင် လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊ အခင်းအကျင်း လာရောက်ဆွေးနွေးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုကောင်မတီက တာဝန်ရှိပုဂ္ဂိုလ်တွေက KNDF အမှတ်(၁)တပ်ရင်းနဲ့အတူ လက်ရှိနိုင်ငံရေးနဲ့ စစ်ရေးအ‌ရွေ့၊အခင်းအကျင်းအပေါ် လာရောက်ချပြဆွေးနွေးတင်ပြခြင်းအစီအစဉ်တစ်ရပ်ကို အောက်တိုဘာလ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်နှင့် တန့်ဆည်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ဦး သေဆုံးပြီး ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

ရေတာရှည်နဲ့ တန့်ဆည်မြို့နယ်တို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အရပ်သား ၂ယောက်သေဆုံးပြီး ဘုရားစေတီ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းကိုပြောပါတယ်။
Read More

ရန်ကုန်၊ ထောက်ကြံ့ရဲစခန်းကို ပြောက်ကျားအဖွဲ့ဝင်တွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ထောက်ကြံ့နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိခဲ့ကြောင်း Operation Flame အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

ရေစကြိုမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။