စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ရာ ဒုဗိုလ်မှူးနဲ့ ၃ ပွင့်ဗိုလ်အပါအဝင် စစ်သားအများအပြား သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၂ ရက် ဒီနေ့မှာ ခင်ဦးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ရွှေဘိုလေ့ကျင့်ရေး (၈) နဲ့ ဘုတ်ကုန်း (ပျူရွာ) ဆီ ခိုးကြောင်ခိုးဝှက် ထွက်သွားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အပြင်းအထန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အကြမ်းဖက်စစ်ကြောင်းက ဒုဗိုလ်မှူးကြီး အဆင့်နဲ့ ၃ ပွင့်ဗိုလ်အပါအဝင် တပ်ကြပ်တွေနဲ့အတူ စစ်သား အများအပြား သေဆုံးကာ ထိခိုက်မှု များပြားပြီး စစ်ကြောင်းတစ်ကြောင်းလုံး တပ်ပျက်သွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေး အင်အားစုတွေဘက်က ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စစ်သား (၂) ယောက်ကို တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က MA-3 (၄) လက်၊ MA-1 (၅) လက်၊ BA-63/ G3 (၁) လက်၊ ကာဘိုင် (၁)လက်၊ BA 100/ 60MM ကွန်မန်ဒို စိန်ပြောင်း (တို) (၁) လက်၊ MA-5/ ပစ္စတို (၁) လက်၊ MA ကျည်ဘောက် (သံ) (၃) ခု၊ MA ကျည်ဘောက်(ကော်) (၆) ခု၊ BA-63/ G3 ကျည်ဘောက် (၃)ခု၊ MA-5/ ပစ္စတို ကျည်ဘောက် (၁)ခု၊ ရှေ့ထွက်မိုင်း (၄)လုံး၊ နင်းမိုင်း (၂)လုံး၊ 60MM ဗုံးသီး (၄)လုံး၊ RPG ဗုံးသီး (၁)လုံး၊ အီနာဂါ (၂)လုံး၊ ကျည်ကာ ဦးထုပ် (၆)လုံး၊ 5.56 ကျည် (၂၈၆) တောင့်၊ 9mm ကျည် (၇) တောင့်၊ ငွေကျပ် (၅,၂၉၀,၀၀၀) ကျပ် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို စက်တင်ဘာ ၁၈ ရက် ခင်ဦးမြို့နယ်တွင်း ဝင်ရောက်လာချိန် တော်လှန်ရေး အင်အားစုတွေက ပထမအကြိမ် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၀ ရက် ညပိုင်းမှာတော့ အကြမ်းဖက်စစ်တပ်ဟာ ညလုံးပေါက် တိတ်တဆိတ် ခင်ဦးမြို့နယ် အကြမ်းဖက် စစ်တပ်စခန်းအတွင်း ဝင်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာတော့ ခင်ဦး – ရွှေဘို နယ်စပ်တစ်နေရာမှာ အကြမ်းဖက်စစ်တပ် ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်ခံရပြီး မွန်းတည့်ချိန်အထိ (၅)နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါစစ်ဆင်ရေးမှာ အမှတ် ၂ ရွှေဘိုခရိုင်၊ အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅) ပကဖ တွေနဲ့ မြို့နယ် ပလဖတို့ ပါဝင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လေယာဉ်ဗုံးထိမှန်ကျဆုံးခဲ့သည့် မိုးကုတ်ပကဖ ရဲဘော် (၂) ဦးအတွက် အမိန့်ပြန် အခမ်းအနား

အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်ဗုံး ထိမှန်ကာ ကျဆုံးခဲ့တဲ့ ပကဖ ရဲဘော် (၂) ယောက်အတွက် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပကဖက အမိန့်ပြန်တမ်းထုတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘောလခဲ ခမရ ၄၂၉ မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား ၄ ဦး Loikaw Local PDF ထံ လက်နက်နဲ့ အလင်းဝင်ခိုလှုံ

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်၊ ဘောလခဲတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Loikaw Local PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွှေရောင်းချသူတွေ လုပ်ငန်းလိုင်စင် အမြန်ဆုံးလျှောက်ထားဖို့ စစ်ကောင်စီ ဖိအားပေးနေ

ရွှေရောင်းချသူတွေ လုပ်ငန်းလိုင်စင် အမြန်ဆုံး မလျှောက်ထားရင် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဖိအားပေးပြောကြားမှုကို ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

စစ်တပ် စစ်ကြောင်းဝင်ချိန် လက်နက်ခဲယမ်း မလုံလောက်မှု၊ ရံပုံငွေ ပြတ်တောက်မှုများကြောင့် ပြည်သူကို အကာအကွယ် မပေးနိုင်ခဲ့မှုအတွက် ယင်းမာပင်ခရိုင် တပ်ရင်း ၃၀၁၁ တောင်းပန်

“စစ်ကြောင်းက ၄ ရက်လောက်ကြာတယ်။ အိုးအိမ်ပျက်စီးမှုတော့ မရှိပါဘူး။ ပြည်သူတွေကိုလည်း စစ်ကြောင်း ၃ ကြောင်း ခွဲထိုးပြီး ဝိုင်းတာတွေရှိပါတယ်” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀၁၁၊ ကျားသစ်နက်တပ်မတော် တာဝန်ရှိသူ ကိုဥက္ကာက မောင်းကို ပြောပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။