စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီစုကျေးရွာရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၂ ရက် ဒီနေ့လယ်မှာ ကျီစုကျေးရွာရှိ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျီစုဒေသခံတွေဖြစ်တဲ့ ဒေါ်သန်းအေး (၆၄)နှစ် သေဆုံးပြီး ဒေါ်ရွှင် (၆၄) နှစ်၊ ဦးမြင့်ဦး (၆၂) နှစ်၊ ကိုဇီးထွန်း (၂၇) နှစ်၊ မဝိုင်းစိန် (၂၅) နှစ်၊ ကိုစိုးမင်း (၃၅) နှစ်၊ မပုတို (၃၀) နှစ်၊ မခင်သန်းဝင်း (၂၀) နှစ်၊ ဒေါ်သန်းလွင် (၅၅) နှစ်၊ မမီးမီး (၂၀) နှစ်၊ မသီတာခိုင် (၃၅) နှစ်နဲ့ ကိုအောင်ရှမ်း (၄၀) နှစ်တို့ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ် ။

ဒါ့အပြင် ပျဉ်းထောင်ကျေးရွာကနေ အဆိုပါ စာသင်ကျောင်းမှာ လာရောက်တိမ်းရှောင်နေတဲ့ ကိုကြည်စိုး (၄၅) နှစ်၊ ကိုတူး (၄၅) နှစ်၊ မခိုင်မာဝင်း (၂၀) နှစ်၊ မကြီး (၁၅) နှစ်၊ မငယ် (၁၅) နှစ်၊ ကျော်ဇင်ထက် (၈) နှစ်နဲ့ ကိုအောင်ဝင်း (၅၂) နှစ်တို့လည်း အသီးသီး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

“ကျီစုရွာက မီးသုံးကြိမ် ရှို့ခံရပြီး လေယာဉ်နဲ့ပစ်တာ နှစ်ကြိမ်ရှိပြီ၊ ထိတွေ့တိုက်ပွဲဘာမှမရှိဘဲ လာကြဲသွားတာ၊ လက်ရှိစစ်ရှောင်တွေက ရှောင်တိမ်းတာမျိုးမရှိဘူး၊ စစ်ရှောင်နေတဲ့သူတွေထဲမှာ ပျဉ်းထောင်က ရွာသားတွေက တစ်နှစ်ခွဲရှိပြီ” လို့ ကန့်ဘလူနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

အဆိုပါ ဗုံးဒဏ်ကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Video – ဒေသခံ

0 Shares:
You May Also Like
Read More

ဝမ်းတွင်းမြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို အောက်တိုဘာ ၁၃ ရက် မနေ့ညနေပိုင်းက လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force အဖွဲ့ထံက သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forces က ထုတ်ပြန်ထားပါတယ်။
Read More

သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာပျူစခန်းကနေ ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်သား တွေကို တိုက်ခိုက်ခဲ့ရာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံ PDF (၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ်များ (ရုပ်/သံ)

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖယ်ခုံPDF( ၁၀၀၆ တပ်ရင်း) က အမျိုးသမီးရဲဘော်တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းပုံရိပ် မှတ်တမ်းရုပ်သံဖိုင်ကို ထုတ်ပြန်ပြသလိုက်ပါတယ်။
Read More

ဧရာဝတီတိုင်း အမှတ် (၂၉) ဗျူဟာ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြီးစီး (ရုပ်/သံ)

အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဧရာဝတီတိုင်းစစ်ဌာန အမှတ် (၂၉)ဗျူဟာ (AYA PDF) အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ AYA PDF အမှတ်၂၉ ဗျူဟာမှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြန်လည်တည်ဆောက်နေတဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၂ ယောက်အပြင်းအထန်ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ စစ်ကော်မရှင်ရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က စစ်ကော်မရှင်က ပြန်လည်တည်ဆောက်နေတဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆင်ရွာဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရပါတယ်။