စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံတို့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung က မနေ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၂ ရက် မနက်ပိုင်းမှာ မြောင်မြို့နယ်က အကြမ်းဖက်စစ်တပ်ရှိရာ ကျောက်ရစ်ရဲစခန်းနဲ့ ဆေးရုံတို့ကို Fixed wings ဒရုန်း ၉ စီးနဲ့ ဗုံး ၁၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေးတပ်ဖွဲက ဒရုန်း ၁ စီး ဆုံးရှုံးပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Peacock Drone Teamနဲ့ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့ ၊  M.D.F Drone ကျားခင်စိန် ၊ ဒေါင်းမင်းကြီး ၊ Sparrow Drone Strike ၊ Revolutionary Air forceတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြစ်ရေညစ်ညမ်းမှုများရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်တိုးချဲ့ပေးနေ

ရွှေတူးဖော်မှုကြောင့် ကော့မြစ် (နမ့်ခုတ်မြစ်) ရေ ညစ်ညမ်းမှုတွေ ရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်လက်တိုးချဲ့ ချထားပေးနေကြောင်း၊ ပိုင်ခမ်းရွာအနီးမှာ နေရာသစ်တွေရှာဖို့ ဒေသခံတွေကို ငှားရမ်းနေကြောင်း ရှမ်းပြည်နယ်၊ ကော့မြစ် (နမ့်ခုတ်မြစ်)အနီးက ဒေသခံကို ကိုးကားပြီး CTN သတင်းက ဖော်ပြပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်တပ်ထံမှ ခဲယမ်းအများအပြား ရရှိ

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) ထံက ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ရွှေထည်နဲ့ငွေသားများ ယူဆောင်ကာ မောင်တော နခခ (၅)ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အမှတ် (၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅)ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် တပ်မ(၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီဇင်ဘာ ၁၈ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်ပမှာ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီအတွက် စစ်မှုထမ်းရသူ အရေအတွက် မြင့်တက်နေ

ပြည်ပမှာ တရားမဝင်လုပ်သားအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတချို့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရစဉ် စစ်မှုထမ်းအဖြစ် မတရားစုဆောင်းခံရသူ ၁၆၀ ကျော်အထိ ရှိခဲ့ကြောင်း Spring Revolution DataBase (SRD) က ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် တစ်လအတွင်း ကော့ကရိတ်-ကျုံဒိုးအနီးတဝိုက် ပြည်သူ (၁၄) ဦး သေဆုံးခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေး လမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း)အတွက် မိတ်ဖက်တိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်ဆောင်တော့မယ်လို့ အသိပေးထုတ်ပြန်လာပါတယ်။