စစ်ကိုင်းတိုင်း၊ တမူးခရိုင် အမှတ် (၂) တပ်ရင်းထံ စစ်ကော်မရှင်တပ်က ဒုတပ်ကြပ်တစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က စက်တင်ဘာ ၂၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

တမူးခရိုင်၊ မြို့သစ်မြို့နယ်၊ ကျွန်းပင်သာရွာမှာ အခြေပြုတပ်စွဲထားတဲ့ ခမရ (၃၄၇) က ဒုတပ်ကြပ် ကိုသန့်ဇင်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃ရက်‌နေ့မှာ MA-11 သေနတ် ၁လက်၊ ကျည်ဘောက် ၁ခု၊ ၅.၅၆ ကျည် ၂၅ တောင့်တို့ကို ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

“ဆက်သွယ်ပြီး ဝင်လာတာမျိုး မဟုတ်ဘူး။ ကျနော်တို့ စစ်ဆိုင်ထားတဲ့ မြို့သစ်မြို့နယ်၊ ကျွန်းပင်သာကျေးရွာ စစ်မြေပြင်ကနေ ကျနော်တို့ရှေ့ ပွိုင့်ကို ရောက်ရှိလာတာပါ။ အလင်းဝင်ရောက်လာသူ သဘောအလျောက် လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးသွားမှာပါဗျ” လို့ တမူးခရိုင် အမှတ် (၂) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်နက်ယူဆောင် အလင်းဝင်လာတဲ့ ဒုတပ်ကြပ်ကို ဂုဏ်ပြုဆုငွေ သိန်း ၅၀ ပေးအပ်ချီးမြှင့်ခဲ့ပြီး အလင်းဝင်ရောက်တာနဲ့ ပတ်သက်လို့ မြေပြင်အခြေအနေကြောင့် အခုမှ ထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုသန့်ဇင်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က သူ့မိဘတွေထံမှာ စစ်မှုထမ်းကြေးဆိုပြီး ငွေ ၁၁ သိန်း လာရောက်ကောက်ခံရာ မပေးချင်တဲ့အတွက် စစ်တပ်ထဲ ရောက်လာခဲ့တယ်လို့ သိရပြီး အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ထောက်ခံသူ မရှိသလောက် နည်းပါးလာတာ သိရတဲ့အတွက် အချိန်မလွန်ခင် အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကိုသန့်ဇင်ဦးက ပြောကြောင်း တမူးခရိုင် အမှတ် (၂) တပ်ရင်းထံက သိရပါတယ်။

တမူးခရိုင်အတွင်း ထပ်မံအလင်းဝင်လာမယ့် စစ်ကော်မရှင်တပ်သားတွေ၊ ပြည်သူ့စစ်တွေကိုလည်း အချိန်မ‌ရွေး နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ရေစကြိုတွင် အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ လက်လွှတ်ရခြင်းအတွက် စိတ်ဓာတ်မကျရန်နှင့် စတေးမှုများ အလဟသမဖြစ်စေရေး ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းရန် မိုးဗြဲ PDF ကယ်ဆယ်ရေး ဆေးတပ်ဖွဲ့ ထုတ်ပြန်…

"မိုးဗြဲမြို့ ကျဆုံးသွားခြင်းဟာ မည်သူမည်ဝါရဲ့ အမှားကြောင့် လုံးဝမဟုတ်ခဲ့ပါ။ အားလုံး တာဝန်​ကျေကြပါတယ်။ တာဝန်​ကျေတယ်ဆိုတာထက် ပိုကြပါတယ်။ စစ်တပ်နဲ့ PNA ရဲ့ ၆လကျော် ထိုးစစ်ကို ခုခံကာကွယ်ရင်း ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်စွက်ပြီး အကောင်းဆုံး ပြန်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။" လို့ MPRT က ဆိုပါတယ်။
Read More

ရန်ကုန်မြို့လယ် ဆူးလေတံတားအနီး ပုန်ကန်အံတု

အာဏာသိမ်းစစ်တပ်ရဲ့ လုံခြုံရေးထူထပ်တဲ့ ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားအနီးမှာ ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ဆန္ဒပြလှုံ့ဆော်တဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်မှာ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့လိုကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲ အလွန်ကာလမှာလည်း ပြည်သူလူထု ကိုယ်တိုင်ရုန်းကန်မှ လွတ်မြောက်မှုအစစ်ရမှာဖြစ်တဲ့အတွက် ‘ပုန်ကန်အံတု’ ဖို့ လိုအပ်ကြောင်း အသိပေးလှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။
Read More

မြကန်သာ ပျူစောထီးစခန်းကို စီးနင်းတိုက်ခိုက်၊ ပျူတစ်ယောက် သေကာ ကျန်တဲ့ပျူတွေကို စစ်ကောင်စီနဲ့ မပတ်သက်ဖို့ သတိပေး

ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီးစခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်၊ အမှတ် (၈)တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေဖြူအခြေစိုက် စစ်ကော်မရှင်၏ ခမရ ၄၀၉ မှ စစ်မှုထမ်းစစ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာ၊ ဆုငွေကျပ် သိန်း ၅၀ စီ ချီးမြှင့်…

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၄၀၉) က စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင် လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်သာတွင် စစ်တပ်စစ်ကြောင်းများ ခွဲထိုးနေပြီး တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ကာ စစ်အုပ်စုအထိနာနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကြောင်းတွေခွဲထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲတွေရှိနေပြီး စစ်အုပ်စုဘက်က အထိနာကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ရက်နေ့ မနက်ပိုင်းမှာ တောင်သာမြို့ပေါ်ကနေ ထွက်ခွာလာတဲ့ အင်အား ၁၅၀ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ မြို့အနောက်ဘက် လက်သဲကျင်-ဖျောက်ဆိပ်ပင်ကျေးရွာဘက် ဦးတည်ဝင်ရောက်ရင်း မင်းတည်းကျေးရွာဘက် ဆက်လက်ထွက်ခွာလာရာမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။