ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းကို အမှတ် (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ ဘီယာဆိုင်မှာ လာယူခိုင်းတဲ့အတွက် နှစ်ဖက်အချင်းများခဲ့ကြတယ်လို့ သိရပါတယ်။

ဗီဒီယိုထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူက ဘီယာထိုင်သောက်နေပြီး ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းနဲ့ ပါလာတဲ့သူက”မင်းလား ဘီယာဆိုင်ကိုချိန်းတာ။ မင်းလား။ ကိုယ်စားလှဘ်လောင်းကို ဘီယာဆိုင် ချိန်းတာ မင်းလား။ အရက်ဆိုင်ကို ချိန်းတာ မင်းလား” ဆိုပြီး အော်ငေါက် မေးမြန်းသံကို ကြားရပါတယ်။

ဖြစ်စဥ်မှာ ပါဝင်တဲ့ အုပ်ချုပ်ရေးမှူးဟာ တောင်ငူမြို့ အမှတ် (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ချမ်းသာ ဆိုသူဖြစ်ပြီး ဒီကိစ္စဖြစ်ပွားပြီးတဲ့နောက် သူ့ကို စစ်တပ်နဲ့ရဲက စစ်ဆေးမေးမြန်းဖို့ လာရောက်ခေါ်ဆောင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

အုတ်ဖိုမြို့နယ် ဝိုင်းရွာရဲစခန်း လက်နက်ကြီးထိမှန် မီးလောင်ကာ စစ်ကောင်စီတပ်သား ၁၅ ယောက် သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းရွာရဲစခန်းကို မတ်လ ၁၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်ပကဖထံက သိရပါတယ်။
Read More

အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက် ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Justice Brothers Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်လေဆိပ်ရဲ့ နေရာအများစုကို KIA ထိန်းချုပ်ရယူထား၊ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ (ရုပ်/သံ)

ဗန်းမော်မြို့က စစ်ကောင်စီအတွက် အရေးပါတဲ့ လေဆိပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ၀င်ရောက်ထိန်းချုပ်ထားတဲ့ ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်‌ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ယောက် သေကာ ၈ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA၊  ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)၊ ကျေးနယ်ကာကွယ်ရေးတပ်ဖွဲ့၊ တော်လှန်ရေးအင်အားစုတွေကြား နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက တိုက် ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်‌ရေး (၁) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်းထံက သိရပါတယ်။
Read More

မုံရွာမြို့ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားအများအပြားထိခိုက်မှု ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ သလ္လာဝတီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ Jummerကို ကျော်လွှားနိုင်ခဲ့သည့် ဒရုန်းစစ်ဆင်ရေး (ရုပ်/သံ)

KNLA တပ်မဟာ (၃) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် ၁ ခုကို  Federal Wings က ထုတ်ပြန်လိုက်ပါတယ်။