အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာကို အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၂၁ ရက် ဒီနေ့လယ် ၂ နာရီဝန်းကျင်အချိန်မှာ Y12 လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လယ်ပိုင်းမှာပဲ စဥ့်ကူးမြို့နယ်၊ နဂါးမောက်တောင်ပေါ်ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ကတော့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး မတ္တရာ၊ သပိတ်ကျင်းနဲ့ စဥ့်ကူးမြို့နယ်တွေက စစ်ရှောင်စခန်းတွေကို သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ အဝတ်အထည် ပံ့ပိုးကူညီမှုနဲ့ အားပေးစကားပြောကြားမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) ကို Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းမည်

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) တိုက်ခိုက်ရေးအဖွဲ့ကို အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ Rangoon Warriors PDF တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ အဆိုပါ အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-ပြည် ကားလမ်းမှာ ခရီးသည်တင်ယာဉ်တစ်စီး အပူရှိန်များပြီး မီးလောင်၊ လူတွေထိခိုက်မှု မရှိခဲ့ 

ရန်ကုန်-ပြည် ကားလမ်းပေါ် ရွှေတောင်နဲ့ ပြည်ကြားမှာ ဇန်နဝါရီ ၂၇ ရက် မနေ့က ညနေ ၄နာရီဝန်းကျင်က ခရီးသည်တင် ယာဉ်တစ်စီး အပူရှိန်လွန်ကဲကာ မီးလောင်မှု ဖြစ်ပွါးခဲ့တယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
Read More

ရဟတ်ယာဉ် ကိုယ့်ဘာသာ ပျက်ကျတာပါဆိုတဲ့ စစ်ကောင်စီ၏ ပြောဆိုချက် ဖြစ်နိုင်သလား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူသွားတဲ့ Mi 17 ရဟက်ယာဉ် ၃စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာမှာ ရဟက်ယာဉ် တစ်စီး မီးလောင်ပျက်ကျပြီး တစ်စီးကတော့ အရေးပေါ် ဆင်းသက်ခဲ့တယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စလင်းမြို့အနီး မြို့နယ် ပကဖ က စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့အနီးမှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ရေးလုံခြုံရေးအရ လမ်းပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း ပကဖ) ဆီက သိရပါတယ်။
Read More

CDF-မတူပီ၊ တပ်မဟာ ၂ ၊ တပ်ရင်း ၂ က ၄ ကြိမ်မြောက် ညီလာခံကျင်းပ

ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ ၊ တပ်ရင်း၂ (အောက်ချင်းတပ်ရင်း) က လေးကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက ပျူစောထီး ၁ ယောက်က မိသားစုတွေ ခေါ်ဆောင်လာကာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်လာတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။