စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်သပိတ်မှောက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုထံက သိရပါတယ်။

ဆားလင်းကြီးမြို့နယ်ရှိ သပိတ်အင်အားစုတွေနဲ့ ဒေသခံတွေက အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ စစ်အုပ်စုအတွက် နိုင်ငံရေးထွက်ပေါက် အတုအယောင် ရွေးကောက်ပွဲတစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက် ထောင်ချောက်တစ်ခုဖြစ်ကြောင်း ကျေးရွာတွေကို လှည့်လည် သပိတ်တရားဟောခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆိုင်ကယ်သပိတ်ကို ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစု၊ ယင်းမာပင်မြို့နယ် သပိတ်အင်အားစု၊ မုံရွာပင်မလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ တကသ ကျောင်းသားဟောင်းများအင်အားစု ရန်ကုန်နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ဈေးတစ်ခုမှာ သပိတ်အင်အားစုနဲ့ ဈေးသူဈေးသားတွေ ပူးပေါင်းပြီး စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း စစ်အာဏာရှင်စနစ် ကျရှုံးရေး ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြခဲ့ကြပါသေးတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို စစ်အုပ်စုရဲ့ လက်တစ်ဆုပ်စာ မိတ်ဖက်နိုင်ငံတချို့ကသာ လက်ခံထားပြီး ကမ္ဘာ့နိုင်ငံအသီးသီး၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မြန်မာပြည်သူတရပ်လုံးက ဆန့်ကျင်ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစု)

0 Shares:
You May Also Like
Read More

ခမောက်ကြီးမြို့နယ်အခြေစိုက် ခမရ(၃၄၂) မှ စစ်မှုထမ်းဆင်း စစ်သား ၂ ဦး ကော့သောင်း ပကဖထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ‌ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အဓမ္မ စစ်သားစုဆောင်းခံရသူ စစ်သား ၂ယောက် ‌လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ကော့သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်မှာ အပစ်ရပ် ကြေညာထားသည်ဆိုသည့် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းက တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံး…

ကရင်နီပြည်၊ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ကြားက ပီကင်းကောခူကျေးရွာမှာ အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဧပြီလ ၅ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခမောက်ကြီးတွင် စစ်ကောင်စီသတင်းပေး မူးယစ်ဆေးရောင်းဝယ်သူနှင့် အုပ်ချုပ်ရေးမှူး တစ်နေ့တည်း ပစ်ခတ်ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီသတင်းပေး မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေသူနဲ့ အုပ်ချုပ်ရေးမှူးတို့ကို တစ်နေ့တည်းမှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

တရုတ်-မြန်မာနယ်စပ်က ဖီမော်မြို့ကို KIA တိုက်ခိုက်သိမ်းပိုက်

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဖီမော်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်က ဖော်ပြလာပါတယ်။
Read More

အသက် ၂၄နှစ်အရွယ် The Red Revolters အဖွဲ့ခေါင်းဆောင် ကျဆုံး

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်ရင်း The Red Revolters အဖွဲ့ခေါင်းဆောင် ကျဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် မနက် ၈ နာရီခွဲလောက်မှာ စစ်ကောင်မရှင်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း စစ်အုပ်စုဘက်က ပစ်ခတ်လိုက်တဲ့ EY သီးမကွဲတဲ့အတွက် The Red Revolters အဖွဲ့ခေါင်းဆောင် ရှိုင်းဝင်းရှိန် (ခ) ငရှိုင်းက ပြန်လည်ကောက်ယူပြီး စမ်းကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ကျိုက်မရော ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ယောက် သေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ထုတ်ပြန်လာပါတယ်။