အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီးက Dag Hammerskjold Plaza မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနား အစပိုင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့အတွက် အရင်ဆုံး ဝိုင်းဝန်းဆုတောင်းခဲ့ကြပါတယ်။

အဲဒီနောက် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာ၀န်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့က အမှာစကားပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားနဲ့ ချီတက်ပွဲကို နယူးယောက်မြို့ရှိ NYCBC အဖွဲ့က ဦးဆောင်ကာ အမေရိကန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေ ထောင်နဲ့ချီတက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေကိုယ်စားပြု ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအပြင် တရားဥပဒေမဲ့ ပြောင်ပြောင်တင်းတင်း ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာက ပယ်ကျဉ်ကာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီ ပေးကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက် UN ရုံးချုပ်ရှေ့ကနေ နယူးယောက်မြို့လယ် Time Square ရင်ပြင်အနီးကို ကြွေးကြော်သံတွေ ဟစ်ကြွေးချီတက်ခဲ့ကြပြီး UN ရုံးချုပ်အနီး ပြန်လည်ရောက်ရှိလာတဲ့ ဆန္ဒပြစစ်ကြောင်းကိုအလှူရှင်တွေက နေ့လည်စာ ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Kyaw Soe Latt)

0 Shares:
You May Also Like
Read More

သီတင်းကျွတ်လပြည့်နေ့တွင် ကလေးငယ်များအပါ ပြည်သူကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု လက်ခံနိုင်စရာမရှိဟု ဗြိတိန်၊ သြစတြေးလျနှင့် ဆွစ်ဇာလန်သံရုံးတို့ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ပြည်သူတွေ သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲ ပြုလုပ်နေချိန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို လုံးဝလက်မခံ ရှုတ်ချကြောင်း ဗြိတိသျှ၊  ဩစတြေးလျနဲ့ ဆွစ်ဇာလန်သံရုံးတို့က အသီးသီး ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ကိုရီးယား နိုင်ငံရေးပါတီ ၆ ခု ပြင်းထန်စွာ ကန့်ကွက်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ကိုရီးယားနိုင်ငံ အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီ ၆ ခုနဲ့ အတိုက်အခံအမတ်တွေဟာ မကြာခင်ကျင်းပမယ့် မြန်မာအကြမ်းဖက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့လည်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘန်ကောက်တိုက်ပြိုကျမှုအတွက် အီတာလျံ-ထိုင်းကုမ္ပဏီဥက္ကဋ္ဌအပါအဝင် ၁၇ ဦးကို ထိုင်း ဝရမ်းထုတ်

မြန်မာလုပ်သား အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့က ပြည်နယ်စာရင်းစစ်ရုံး (SAO) အဆောက်အဦး ပြိုကျမှုနဲ့ ပတ်သက်ပြီး လူ ၁၇ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။ 
Read More

“နင့်ကို ငါတို့ မကြိုဆိုဘူး … လူသတ်ကောင် မင်းအောင်လှိုင်” ဆိုင်းဘုတ်ကိုင်စွဲကာ ထိုင်းတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ထိုင်းနိုင်ငံကို (BIMSTEC) အစည်းအဝေး တက်ဖို့ ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဦးဆောင်ပြီး ဘန်ကောက်မြို့ Bangkok Art and Culture Centre ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
Read More

ထိုင်းမှာ ဓာတုငွေ့အဆိပ်သင့်လို့ မြန်မာအလုပ်သမား ၂ ဦးသေဆုံး၊ တစ်ဦး ဆေးရုံတင်ထားရ

ထိုင်းနိုင်ငံတောင်ပိုင်း ခရာဘီခရိုင်၊ ပလိုင်ဖရာယာမြို့နယ်က ဓာတုပစ္စည်းတွင်းကို နိုဝင်ဘာလ ၁၄ ရက်မှာ သန့်ရှင်းရေးလုပ်နေစဉ် အဆိပ်ငွေ့ ရှူမိခဲ့တဲ့အတွက် မြန်မာအလုပ်သမား ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။ ကုမ္ပဏီဝင်းအတွင်းမှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာအမျိုးသား အလုပ်သမား ၃ ဦးဟာ ဓာတုပစ္စည်းတွင်းထဲကိုဆင်းပြီး သန့်ရှင်းရေးလုပ်နေချိန်မှာ ဟိုက်ဒရိုဂျင် ဆာလဖိုက် (Rotten-egg gas) ဓာတ်ငွေ့ အဆိပ်သင့်ခဲ့တာ ဖြစ်ပါတယ်။
Read More

ဘန်ကောက်နှင့် ချင်းမိုင်ရှိ စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။