တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုံခြုံရေးအတွက် ဆင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူ အများအပြားရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက် မနက် ၃နာရီအချိန်မှာ ထား၀ယ်မြို့ကနေ လောင်းလုံးမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လိုက်လံပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မိန်းလမ်းမ ခေါ် ထား၀ယ်‌-လောင်းလုံးလမ်းမကြီးအတိုင်း ဆင်းလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ရာဟောင်း၀ရွာအနီးမှာ တော်လှန်ရေးတပ်တွေက လက်ဦးမှုရယူ တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ နာရီဝက်ကြာဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၄ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးပကဖက ပြောပါတယ်။

အဲဒီအချိန်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာဆီ တောလမ်းအတိုင်းလိုက်လာတဲ့ နောက်ထပ်စစ်ကြောင်းတစ်ခုကိုလည်း တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပါသေးတယ်။

ဒီတစ်ကြိမ် တိုက်ခိုက်မှုမှာတော့ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတာတွေ များပြားနိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့လည်း လောင်းလုံးပကဖက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နဲ့အတူ ဒေါနစစ်ကြောင်း-၃ KBDF ၊ ဒေါနတပ်ခွဲ-၇ LPF၊ ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF နဲ့ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

“စစ်ကြောင်းက မအလလုံခြုံရေးအတွက် လာတာဖြစ်နိုင်တယ်။ အဲဒီကနေ တဆက်တည်း စစ်ကြောင်းလည်းထိုးရင် ထိုးနိုင်တာပါ။ စခတွေက မိန်းလမ်းမပေါ်က တန်းစီပြီးဆင်းလာချိန်မှာ တိုက်ပွဲစဖြစ်တယ်။ ကျနော်တို့ လက်ဦးမှုယူလိုက်နိုင်တယ်။ ၄ ကောင်တော့ မှောက်သွားပြီး ၃ ကောင်တော့ ထိသွားတယ်။ ‌ပြီးတော့ ဒီကောင်တွေက ကျနော်တို့ပစ်တဲ့ဖက်ကို တောလမ်းကနေပတ်ပြီး ထွက်လိုက်လာတာ၊ အဲဒီမှာ ကျနော်တို့ရဲဘော်တွေကနေ ရှေ့ထွက်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မှောင်နေတဲ့အချိန်ဆိုတော့ အော်သံတွေပဲ ကြားလိုက်ရတယ်။ ထိခိုက်သေဆုံးရှိနိုင်ပါတယ်။” လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲဒီနောက် ထိခိုက်သေဆုံးတဲ့ စစ်အုပ်စုအလောင်းတွေကို ရေခဲကားငယ်တစ်စီးနဲ့ လာရောက်သယ်ဆောင်ကာ ထား၀ယ်မြို့ပေါ်ကို အလျင်အမြန် ပို့ဆောင်လိုက်တယ်လို့လည်း သိရပါတယ်။

လောင်းလုံးပကဖကတော့ စစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ရေခဲကားငယ်ကို သက်သေမှတ်တမ်းတွေ ရယူထားကြောင်းနဲ့ လောင်းလုံးမြို့နယ်အတွင်း ၀င်ရောက်လာရင် ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူသွားမယ့်အကြောင်း ပြောထားပါတယ်။

“ရေခဲကားငယ်က ကွန်တိန်နာကားလိုပါပဲ။ ချောဆွဲခံရတာမျိုးတော့ မဟုတ်ဘူး။ စကမအတွက် ပူးပေါင်းပါ၀င်နေတာပါ။” လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်းမြို့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် ၁၉ နှစ်နှင့် ၂၀ နှစ်အရွယ် တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈ တပ်ရင်း)က ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခဲခဲ့ရပြီး ၅၀ ကျော်က အကျဉ်းထောင်တွေထဲ ရောက်ရှိနေ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း သတင်းထောက် ၂၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၄ ယောက်က အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ အသံအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ (၅၅၈)မှ စစ်သား ၂ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၅၈) တပ်ရင်းကနေ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဖြူးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရ…

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၂)စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
Read More

သဲကုန်းမြို့အဝင်အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပေါင်းတည် PDF တိုက်ခိုက်၊ ၄ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သဲကုန်းမြို့ မြို့အဝင်အထွက် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁ ) - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။