အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီးက Dag Hammerskjold Plaza မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက် ဆန္ဒပြမှု ပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနား အစပိုင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့အတွက် အရင်ဆုံး ဝိုင်းဝန်းဆုတောင်းခဲ့ကြပါတယ်။

အဲဒီနောက် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာ၀န်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့က အမှာစကားပြောကြားခဲ့ပါတယ်။

ဒီအခမ်းအနားနဲ့ ချီတက်ပွဲကို နယူးယောက်မြို့ရှိ NYCBC အဖွဲ့က ဦးဆောင်ကာ အမေရိကန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေ ထောင်နဲ့ချီတက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေကိုယ်စားပြု ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအပြင် တရားဥပဒေမဲ့ ပြောင်ပြောင်တင်းတင်း ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာက ပယ်ကျဉ်ကာ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီ ပေးကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက် UN ရုံးချုပ်ရှေ့ကနေ နယူးယောက်မြို့လယ် Time Square ရင်ပြင်အနီးကို ကြွေးကြော်သံတွေ ဟစ်ကြွေးချီတက်ခဲ့ကြပြီး UN ရုံးချုပ်အနီး ပြန်လည်ရောက်ရှိလာတဲ့ ဆန္ဒပြစစ်ကြောင်းကိုအလှူရှင်တွေက နေ့လည်စာ ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Kyaw Soe Latt)

0 Shares:
You May Also Like
Read More

တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု လာအိုကန့်သတ်

မြန်မာပြည်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်စပ်၊ တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု ကန့်သတ်ကြောင်း လာအိုအစိုးရက ဖေဖော်ဝါရီလ ၆ ရက်မှာ ပြောဆိုခဲ့တယ်လို့ တရုတ်သတင်း Xinhua က ဖော်ပြပါတယ်။
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုသလမဂ္ဂမှာ ဆက်လက် ရပ်တည်ခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ICC မှာ တရားခံအဖြစ် တရားရင်ဆိုင်ရဖို့ နီးကပ်လာသည့် မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို တရားဝင်မှု မပေးမိစေဖို့ နိုင်ငံတကာကို NUG တိုက်တွန်းတောင်းဆို

နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ တရားခံအဖြစ် တရားရင်ဆိုင်ဖို့ နီးကပ်လာနေတဲ့ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တရားဝင်မှု မပေးမိစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဥ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

CRPH နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) တို့ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ - CRPH က လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) နဲ့ ဖေဖော်ဝါရီလ ၂၆ ရက်က ၁ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဘန်ကောက်ကို မင်းအောင်လှိုင်လာမည်ဟု ထိုင်းနိုင်ငံခြားရေး အတည်ပြု 

ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (BIMSTEC) ရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်ကို လာမယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက အတည်ပြုပြောကြားလိုက်ပါတယ်။ 
Read More

အိမ်ဖြူတော်အနီး ပစ်ခတ်မှုအပြီး အမေရိကန်၏ နိုင်ငံရေးခိုလှုံခွင့်များ အချိန်အတော်ကြာ ဆိုင်းငံ့မည်ဟု ထရမ့် ပြော

အိမ်ဖြူတော်အနီးမှာ အာဖဂန်နိုင်ငံသားတယောက်က အစောင့်တပ်သား နှစ်ယောက်ကို ပစ်ခတ်ခဲ့ပြီး တယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် အမေရိကန်အစိုးရအနေနဲ့ ခိုလှုံခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အချိန်အတော်ကြာ ဆိုင်းငံ့ထားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၃၀ ရက်မှာ ပြောပါတယ်။