အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၂၈၀) က စစ်သား ၂ယောက် KNLA တပ်မဟာ (၄) တပ်ရင်း (၁၁) ထံ အလင်းဝင်လာခဲ့တယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးထံက သိရပါတယ်။

အဆိုပါ စစ်ကော်မရှင်တပ်သား ၂ယောက်ဟာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံခဲ့ရသူတွေဖြစ်ပြီး ထိုင်းနိုင်ငံဘက်ကို အလုပ်လုပ်ဖို့သွားရင်း ဖမ်းဆီးခံရကာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ ကော့သောင်းဘက်ကို ပြန်လည်ပို့ဆောင်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် ကျွန်းစုမြို့မှာ စစ်မှုထမ်းသင်တန်း ၃လ တက်ကာ သိန်းခွန်းဘက်ကို ရှေ့တန်းပို့ဆောင်ခံခဲ့ရပြီး အဲဒီကတဆင့် KNLA တပ်မဟာ (၄) တပ်ရင်း (၁၁) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

“တချို့ကတော့ ချိတ်ဆက်ပြီး အလင်းဝင်တာရှိတယ်။ တချို့ကျတော့ အဲဒီတိုက်ပွဲက ကြာလာတော့ သူတို့က ထွက်ပြေးတာရှိတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့က မတိုက်ချင်လည်း စစ်သားတွေက အတင်းအဓမ္မမောင်းတယ်။ အသေခံတပ်သားတွေ ဖြစ်နေတယ်။ အထူးသဖြင့် အတင်းအဓမ္မစုဆောင်းခံရတဲ့ ပြည်သူလူထုတွေ လူငယ်တွေ အရပ်သားတွေ..” လို့ KNU တပ်မဟာ (၄) မြိတ်−ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ အလင်းဝင်ရောက်လာသူတွေကို ထောက်ပံ့ငွေ ပေးအပ်နိုင်ခြင်း မရှိသေးသလို အဆိုပါ အလင်းဝင်ရောက်လာသူ ၂ယောက် ဘာဆက်လုပ်သွားဖို့ရှိလဲဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

NLD ဒုဥက္ကဌ (၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တစ်လပြည့် အောက်မေ့ဖွယ် အခမ်းအနား ဩစတြေးလျမှာ ပြုလုပ်

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Werribee မှာ ”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ (၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျဆုံးခြင်း တလပြည့် အောက်မေ့ဖွယ် အခမ်းအနား" ကို နိုဝင်ဘာလ (၉)ရက်က ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားကို လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့သည့် နေပြည်တော် လွှတ်တော်အဆောက်အဦ

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦများ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနလက်အောက် ပထမဆုံး ဖွဲ့စည်းခဲ့သည့် တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်ပြီ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန​ရဲ့ လမ်းညွှန်မှုအောက်မှာ ဖွဲ့စည်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာန​ရဲ့ ပထမဆုံးတပ်ရင်း ဖြစ်တဲ့ ရန်ကုန်တပ်ရင်း ၅၁၀၁ ဖွဲ့စည်းတည်ထောင်တာ ၂ နှစ်ပြည့်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ်စခန်း စွန့်ခွာထွက်ပြေး

ကရင်နီဒေသ၊ ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ “ထူးချောင်းစခန်းကုန်း”ကနေ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲများကြောင့် အလုံးစုံပျက်စီးခဲ့ရသည့် နေအိမ်များကို MNDAA က ငွေကျပ် သိန်း ၅၀ စီထောက်ပံ့

၁၀၂၇ စစ်ဆင်ရေးကာလထဲမှာ တိုက်ပွဲတွေကြောင့် ပျက်စီးခဲ့ရတဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို ငွေကျပ် သိန်း ၅၀ စီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။