စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်သပိတ်မှောက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုထံက သိရပါတယ်။

ဆားလင်းကြီးမြို့နယ်ရှိ သပိတ်အင်အားစုတွေနဲ့ ဒေသခံတွေက အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ စစ်အုပ်စုအတွက် နိုင်ငံရေးထွက်ပေါက် အတုအယောင် ရွေးကောက်ပွဲတစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက် ထောင်ချောက်တစ်ခုဖြစ်ကြောင်း ကျေးရွာတွေကို လှည့်လည် သပိတ်တရားဟောခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆိုင်ကယ်သပိတ်ကို ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစု၊ ယင်းမာပင်မြို့နယ် သပိတ်အင်အားစု၊ မုံရွာပင်မလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ တကသ ကျောင်းသားဟောင်းများအင်အားစု ရန်ကုန်နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ဈေးတစ်ခုမှာ သပိတ်အင်အားစုနဲ့ ဈေးသူဈေးသားတွေ ပူးပေါင်းပြီး စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း စစ်အာဏာရှင်စနစ် ကျရှုံးရေး ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြခဲ့ကြပါသေးတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို စစ်အုပ်စုရဲ့ လက်တစ်ဆုပ်စာ မိတ်ဖက်နိုင်ငံတချို့ကသာ လက်ခံထားပြီး ကမ္ဘာ့နိုင်ငံအသီးသီး၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မြန်မာပြည်သူတရပ်လုံးက ဆန့်ကျင်ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

(ဓာတ်ပုံ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစု)

0 Shares:
You May Also Like
Read More

ရေကြည်မြို့နယ်မှာ တော်လှန်ရေးအမည်ခံ ခြိမ်းခြောက်ငွေတောင်းစာတွေကို သတိထားကြဖို့ ရေကြည် ပကဖ ပြော

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နာမည်ကို အသုံးပြုပြီး  အကြမ်းဖက်စစ်တပ် အသိုင်းအဝိုင်းက အလှူခံပို့စ်တွေ၊ ပြည်သူလူထုအပေါ် ခြိမ်းခြောက်စာတွေကို လူမှုကွန်ရက်ကတဆင့် ဖြန့်ဝေမှုတွေ လုပ်ဆောင်နေကြောင်း ရေကြည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

ဗမာ့တပ်တော်က စစ်မြေပြင် အ‌ခြေခံ ကိုယ်စီကျွမ်းကျင်မှုသင်ခန်းစာတွေ လက်‌တွေ့လေ့ကျင့်သင်ကြားနေ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ စစ်မြေပြင် အ‌ခြေခံကိုယ်စီကျွမ်းကျင်မှုသင်ခန်းစာတွေ လက်‌တွေ့လေ့ကျင့်သင်ကြားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ဗမာ့တပ်တော်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

မင်္ဂလာဒုံ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ ပြည်ပထွက်ခွာမယ့် လူငယ်တွေကို နည်းမျိုးစုံနဲ့ ငွေညှစ်မှု ပိတ်ပင်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို တုံ့ပြန်တာဖြစ်တယ်လို့ Shawdow SAF အဖွဲ့က ပြောပါတယ်။
Read More

နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်သည်အထိ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကတိပြု

နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။