မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တာဝန်အရတားဆီးစစ်ဆေးမှုကို လက်မခံပဲ မောင်းပြေးတဲ့အတွက် သေနတ်နဲ့ချိန် ဖမ်းဆီးခဲ့ပြီး ယာဥ်မောင်းသူကို မေးမြန်းစစ်ဆေးနေတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ခံ ကိုဗဟိန်းက​ မောင်းသတင်းဌာနကို ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက် ဒီနေ့မှာ အထက်မင်းလှမြို့ဘက်နေ သရက်မြို့ဘက်ဆီ ယာဥ်စည်းကမ်းစည်းမျဥ်း တွေမလိုက်နာပဲ မောင်းနှင်လာတဲ့ ကား ၁ စီးကို ဗမာပြည်ကာကွယ်ရေးတပ် – USBA တပ်ဖွဲ့ဝင်တွေက တားဆီးစစ်ဆေးဖို့ကြိုးစားရာမှာ ကားမရပ်ပေးဘဲ ဆက်လက်မောင်းထွက်သွားတာကြောင့် တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရတာပါ။

“ကျနော်တို့ ချိုချိုသာသာ မေးဖို့တားတာ မရပ်ပဲ မောင်းပြေးတယ်။ အဲ့တာ နောက်ထပ် လုံခြုံရေး ပွိုင့် ၁ ခု အရောက်မှာ ရှေ့တည့်တည့်ကနေ ချိန်ထားပြီး ဖမ်းလိုက်တာပါ။ ကားမောင်းသူ တစ်ယောက်တည်းပါ။ အဲ့တာအခုမေးမြန်းစစ်ဆေးနေတာ စကမနဲ့ ပါတ်သက်ဆက်နွယ်မှု မရှိရင် လွှတ်ပေးမှာပါ။” လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ခံ ကိုဗဟိန်းက​ မောင်းသတင်းဌာနကို ပြောပါတယ်။

သူကပဲဆက်လက်ပြီး ” အရင်ကတော့ တားရင် ရပ်တာများပါတယ် အခုလို သတိပေး ပစ်ဖမ်းရတာတော့ ပထမဆုံးပါ။ ပြောချင်တာကတော့ အားလုံး လုံခြုံရေးအတွက် ထုတ်ပြန်ထား‌တဲ့ လမ်းစည်းကမ်းတွေကို လိုက်နာပေးဖို့ပါ” လို့ မောင်းသတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေကစလို့ ရခိုင်ပြည်နယ်တိုက်ပွဲတွေအတွက် သရက်ခရိုင်အတွင်းက လမ်းပိုင်းတွေကို အသုံးပြုပြီး အကြမ်းဖက်စစ်အုပ်စုက မကွေးနဲ့စစ်ကိုင်းတိုင်းအတွင်းက စစ်အင်အားတွေ ဖြည့်တင်း​ရာမှာ တော်လှန်ရေးအင်အားစုတွေက ဖြတ်တောက်တိုက်ခိုက်တာမျိုးတွေ ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် သရက်ခရိုင်အတွင်းက အထက်မင်းလှမြို့နယ်နဲ့ သရက်မြို့နယ်တွေဟာ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာ ကပစစက်ရုံတွေလည်း တည်ရှိနေတာ ဖြစ်ပါတယ်။

လမ်းပိုင်းတွေထဲ စစ်အုပ်စုကအိမ်စီးကားနဲ့ သာသနာ့အလံတင် ဘုန်းကြီးကားတွေကိုပါ အသုံးပြုပြီး ပုံဖျက်သွားလာကာ စစ်အင်အားနဲ့ ဆက်စပ်ပစ္စည်းတွေတင်ဆောင် အသုံးပြုလာတာမျိုးတွေ ရှိလာတာကြောင့် တော်လှန်ရေးအင်အားစုတွေက လမ်းပိုင်းလုံခြုံရေးတွေကိုလည်း ပိုမိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဗမာပြည်ကာကွယ်ရေးတပ် – USBA တပ်အနေနဲ့လည်း သရက်ခရိုင်အတွင်းက သရက်-မင်းလှ၊ သရက်-မင်းတုန်း၊ ပုသိမ်-မုံရွာနဲ့ ကံတုပ်-စစ္စနို့လမ် လမ်းပိုင်းတွေမှာ လမ်းပိုင်းလုံခြုံရေးအတွက် အသိပေးထုတ်ပြန်တာမျိုးတွေ ရှိခဲ့ပါတယ်။

မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်းသာ လမ်းပိုင်းအတွင်း မောင်းနှင်ကြဖို့အပါအဝင် ကားမှန်ချပြီး မောင်းနှင်ကြဖို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ခြုံရေးအရစစ်ဆေးဖို့ တားမြစ်ချိန်မှာ ကြည်ကြည်ဖြူဖြူ ရပ်တန့်ပေးကြဖို့ ဆိုတာမျိုးတွေ ဖြစ်ပါတယ်။

ပုံစာ – ပစ်ခတ်ဖမ်းဆီးခဲ့ရသည့် ကားနှင့် USBA တပ်ဖွဲ့ဝင်များ…
0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့အနီးတစ်ဝိုက်ကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၇.၇အဆင့်နှင့် ၆.၄ အဆင့်ရှိ အင်အားပြင်း ငလျင် ၂ ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိလေ့လာရေး အသင်း ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး ဒီနေ့ နေလယ် ၁၂ နာရီ ၅၀ မိနစ်အချိန်မှာ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိလေ့လာရေး အသင်း (USGS) က ထုတ်ပြန်ထားပါတယ်။
Read More

Special Operation Group – SOG တပ်ရင်း သင်တန်းဆင်းပွဲနှင့် SOG တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ P29916 - Special Operation Group (SOG) တပ်ရင်းက သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် ကျိုက်ထော်ကျေးရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော် မြေခ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

MNDAA ၏ ၂၀၂၅ ခုနှစ် အပတ်စဉ် (၁) အခြေခံ (တတိယတပ်ခွဲ) ဆင်းပွဲအခမ်းအနား…

ကိုးကန့်တပ်မတော် (MNDAA) ရဲ့မဟာမိတ်တပ်တော် စစ်ဦးစီးဌာန၊ စစ်ရေးလေ့ကျင့်ရေးဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ် အပတ်စဉ်(၁) အခြေခံစစ်သင်တန်း တတိယတပ်ခွဲ ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။
Read More

ကမ္မမှာ အလင်းဝင်လာတဲ့ ရဲဒုတပ်ကြပ်က စစ်ကောင်စီကို ပြန်တိုက်မယ်လို့ဆို

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ  ရဲဒုတပ်ကြပ် ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ Kamma Underground People's Defense Force (ကမ္မတပ်ပေါင်းစု) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အလေးပြုအခမ်းအနား ပြုလုပ်…

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။