စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မှာ မြေးအဘိုး ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပစ်ခတ်ခဲ့တဲ့အတွက် မြေးအဘိုး ၂ ဦးသေပြီး ၁ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ သိမ်တော်ရွာသားတွေဖြစ်တဲ့ ဦးဘဌေးတို့ မြေးအဘိုး ၃ ယောက်ဟာ ဝက်စာလိုက်ရှာဖို့အတွက် ဆားလင်းကြီးမြို့ဖက်ကိုသွားရင်း၊ ဆားလင်းကြီးမီးသတ်ရုံးနားမှာ စစ်ကော်မရှင်တပ်သားတွေရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရတာလို့ ဆားလင်းကြီးဒေသခံတွေက ဆိုပါတယ်။

ပုံစာ – မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများ (ပုံဟောင်း)

“သူတို့ကဆင်းရဲတဲ့မိသားစုတွေ၊ (စစ်တပ်) ပတ်ကင်းနဲ့တွေ့ပြီး သူတို့ဆိုင်ကယ်ကို လှမ်းတားတာ … မကြားမိလို့ပဲလားမသိ မရပ်ပေးတော့ …ပစ်ခံလိုက်ရတာ၊ မြေးအဘိုးတွေက ဆိုက်တွဲနဲ့ ဝက်စာ အစာရှာထွက်တာ၊ အဘိုးက ၆၀ ကျော်၊ မြေးတွေက ၂၀ ဝန်းကျင်ပဲ ” လို့ ဆားလင်းကြီးမြို့နယ် သိမ်တော်ရွာခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

ဒဏ်ရာရရှိထားတဲ့တစ်ယောက်ကလည်း ခြေထောက်ကို ထိမှန်သွားတဲ့အတွက် ဖြတ်ရမယ့်အခြေအနေ ရှိသလို စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်လို့ သေဆုံးသွားတဲ့ ဦးဘဌေးတို့ မြေးအဖိုးကို စက်တင်ဘာ ၂၀ ရက် ဒီနေ့မှာ သဂြိုဟ်ပေးလိုက်တယ်လို့ ဒေသခံများရဲ့အဆိုအရ သိရပါတယ်။

0 Shares:
You May Also Like
Read More

၅၉၈ တပ်ရင်းအနီး ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ဦးသေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ် နဲ့ ဝင်းကံရွာကြားရှိ အမှတ် ၅၉၈ တပ်ရင်းနားမှာ ဘန်ကာတွေတည်ဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခဲ့ရတဲ့အတွက် စစ်သား ၂ဦး သေဆုံးသွားတယ်လို့ Bago District People’s Defense Organization - ပဲခူးခရိုင် ပကဖ ဆီက သိရပါတယ်။
Read More

စစ်ကောင်စီစခန်းကုန်းတွေဆီ ရောက်လာမယ့် FW (Hercules)

လက်ရှိတော်လှန်ရေးမှာ မြေပြင်ရဲဘော်တွေရဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေကလည်း မရှိမဖြစ် အရေးပါလှပါတယ်။
Read More

ဖျာပုံထောင်တွင် ထောင်အာဏာပိုင်များက အကျဥ်းသားများကို အခန်းလူကြီးကြေး (စောင့်ရှောက်ကြေး) ဆိုပြီး ခြိမ်းခြောက် ငွေညှစ်နေ 

ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ဖိနှိပ်နေပြီး လာဘ်စားမှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ဆိုင်ကယ်နှင့် သွားလာလှုပ်ရှားနေသည့် စစ်အုပ်စု စောင့်ကြိုပစ်ခတ်ခံရပြီး ၄ ဦး သေ၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ မသွားလာဖို့ PDF သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ  အချိန်မရွေးတိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုနေပါတယ်။
Read More

မြင်းမူတွင် မုံရွာ-မန္တလေးလမ်းအတိုင်းထွက်လာသည့် စစ်အုပ်စုများ RPG နှင့်ပစ်ခတ်ခံရပြီး ၁၃ ဦးသေ၊ သေနတ် ၂ လက်နှင့် ဆက်စပ်စ္စည်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ် ပိုက်ဆံကောက်ဖို့ထွက်လာတဲ့ စစ်အုပ်စုကို အာပီဂျီနဲ့ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးပြီး အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Defence Force (MMU) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။