တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်း-၃(KBDF) ဆီက သိရပါတယ်။

စက်တင်ဘာ (၁၈) ရက် မနက်ပိုင်းမှာ ပယကျေးရွာမှာ အင်အား (၆၀)ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စစ်ကော်မရှင် ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန် ထိတွေ့ပစ်ခတ်မှု (၁) နာရီခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

” တပ်စွဲထားတာက တစ်နှစ်ကျော်ပါပြီဗျ၊ လက်ရှိတော့ အင်အားထပ်ဖြည့်ပြီး ဆက်လက် တပ်စွဲထားတုန်း ခင်ဗျ”လို့ ဒေါနစစ်ကြောင်း-၃(KBDF) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သား (၃) ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ရှိသလို တော်လှန်ရေးပူးပေါင်းတပ်ကလည်း ရဲဘော်တစ်ယောက် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၂ ယောက် (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
” ပြည်သူတွေကိုတော့ သူတို့ မထွက်ခိုင်းဘူးဗျ၊ ကံပေါက်မှာ ဈေးဝယ်သွားရင်တောင် တစ်အိမ်လုံးမသွားခိုင်းဘူး။ တစ်ယောက် နှစ်ယောက်ပဲ သွားခိုင်းတယ်ဗျ” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ခလရ (၂၇၃)မှ စစ်ကားလေးစီးဖြင့် အင်အားထပ်မံဖြည့်တင်းထားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃(KBDF) ၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ-၇ (LPF) ၊ရာမညမွန်တပ်တော် (RMA)၊ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း-T1 ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့နဲ့ ဗထူးတပ်မတော် (B.H.A) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်ရမည်ဟု အကြမ်းဖက်မင်းအောင်လှိုင် ပြောဆိုပြန်

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရောက်ရှိနေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်က RADISSON COLLECTION ဟိုတယ်မှာ ပြုလုပ်တဲ့ “လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ" သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာအနေနဲ့ နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လားရှိုးအနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံးတွေ ကြဲချတိုက်ခိုက်လို့ ပြည်သူ ၃ ယောက် သေဆုံး

လားရှိုးမြို့အနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃ ယောက်သေဆုံးခဲ့ရပြီး ၂ယောက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတွေကို ဒရုန်းတွေ တိုက်မိုင်းတွေနဲ့ စောင့်ကြိုတိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်​ဂေါမြို့နယ်မှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာ ၆ယောက်ထက်မနည်းထိခိုက်သွားကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ ICC ဖမ်းဝရမ်းကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီ တုံ့ပြန်

နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်အပါအဝင် ICC ပြောဆိုချက်တွေကို ICC အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဆေးတပ်ဌာနခွဲရဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊  ဆေးတပ်ဌာနခွဲကနေ ဦးစီးပြုလုပ်တဲ့ ရှေ့တန်းစစ်မြေပြင် ဆေးတပ်သားသင်တန်းရဲ့သင်တန်းဆင်း ပွဲအခမ်းအနားကို စက်တင်ဘာ ၂၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Nay Pyi Taw PDF က ဒီနေ့မှာ သတင်းဓာတ်ပုံတွေ ထုတ်ပြန်လာပါတယ်။