စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၁)ရက်က ဖြစ်ပွားခဲ့တဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲမှာ သင်တန်းနည်းပြဆရာတွေ ပါဝင်တိုက်ပွဲဝင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၃)ရက်က ဘန့်ဘွေးပျူရွာမှ ထွက်လာတဲ့ အင်အား (၅၀၀)ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အစပ်ရှိ တရော်ကျင်းရွာ ၊ ချင်းတောင်ရွာကတဆင့် မုံရွာ – ယာကြီးလမ်းပေါ်ရှိ ချောင်းမကျေးရွာကို ဝင်ရောက်ကာ ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်ချောင်းမကျေးရွာမှာ ၇ ရက်ခန့် တပ်စွဲထားတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေနဲ့အတူ ယင်းမာပင်ခရိုင်လေ့ကျင့်ရေးဌာနက သင်တန်းနည်းပြဆရာတွေလည်း အတူ တိုက်ပွဲဆင်နွှဲ တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်စစ်ကြောင်းက စစ်ကော်မရှင်တပ်သား (၉) ယောက် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းအဖြစ် တပ်ကြပ်ကြီး (၂) ယောက် အပါအဝင် ဒုတပ်ကြပ် (၁) ယောက်နဲ့ စစ်သား (၄) ယောက် အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဆီက ၆၀ မမ၊ MA-1 ၊ MA-3၊ MAS ၊ MG3 လက်နက်တွေနဲ့ Jumper စက်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ဟောင်ဝစ်ဇာ၊ ၁၂၀ မမ လက်နက်ကြီး ပစ်ကူ ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူတွေ သေဆုံးမှုရှိသေးသလို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း Union Liberation Front (ULF) ရဲ့ စစ်ကြောင်းမှူး ကျဆုံးခဲ့ရသလို တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ရဲဘော်(၂) ယောက်လည်း ထိခိုက် ဒဏ်ရာရခဲ့ပါသေးတယ်။

စက်တင်ဘာလ ၁၃ ရက်ကလည်း ချောင်းမကျေးရွာတိုက်ပွဲကနေ တပ်ပျက်ပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် ၁ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ယောက်ကို အရှင် ဖမ်းမိခဲ့ပြီး MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ 5.56 ကျည် ၂၀၀ တောင့်နဲ့ ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ကော့ကရိတ်မြို့နယ်တွင် ၂၈ နှစ်ကျော်ကြာ တပ်စွဲထားသည့် စစ်တပ်၏ ထီးကပလယ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း နှစ်ပေါင်း ၂၈ နှစ်ကျော် အကြမ်းဖက်စစ်တပ် ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်မြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ်အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောင်မှုတွေကို ကန့်ကွက်ခဲ့တာကြောင့် လျှပ်စီမီး မလုံလောက်ခြင်းလို့ မင်းအောင်လှိုင်က ဆို 

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ကန့်ကွက်ခံရမှုကြောင့် လက်ရှိအချိန်မှာ လျှပ်စစ်မီး ရရှိဖို့ အခက်အခဲကြုံနေရတာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်

တအာင်းတပ် - TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization (TWO) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော် (Bamar Army) ဟာ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်ခြင်းခံထားရတဲ့ စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်

နိုင်ငံတစ်ဝန်း အတင်းအဓမ္မ စုဆောင်းခြင်းခံထားရတဲ့ လူငယ်လူရွယ်တွေကို စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲကို ပြုလုပ်ပြီး ရှေ့တန်းနယ်မြေတွေကို စတင်ပို့ဆောင်နေပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။