စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မ(ပျူ)ရွာအနီး အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် (၁) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

ကလေးဝမြို့နယ်၊ အောင်ချမ်းသာ(ပျူ)ရွာစခန်းနဲ့ ဆင်အိုင်မ(ပျူ)ရွာက ရိက္ခာရှာထွက်လာတဲ့ ပျူစောထီး ပူးပေါင်းအင်အား (၄၀) ခန့်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာလ (၁၇) ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းကို ကလေးခရိုင် အမှတ် (၅) တပ်ရင်းရဲ့ တပ်ရင်းမှူး ညွှန်ကြားမှုနဲ့ ကလေးခရိုင် အမှတ် (၅၊ ၉) နဲ့ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က (၃) ယောက် ထိခိုက်ဒဏ်ရာရပြီး ပျူစောထီးအဖွဲ့ဝင် (၁) ယောက် ဖမ်းဆီးရမိပြီး BA-63 သေနတ် (၁) လက်၊ ကျည်ဘောက် (၁) ခု၊ 7.62 ကျည် (၂၅) တောင့် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့သည့် ABSDF စစ်ကြောင်း(၁) မှ ရဲဘော်များ၏ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတပ်မတော် ABSDF ရဲ့ စစ်ကြောင်း (၁) က ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ABSDF က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တော်လှန်ရေးရဲဘော်တွေအပေါ် ကြောက်ရွံ့စိတ်မရှိဘဲ ရင်းနှီးမှုရဖို့ ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) ဟာ တပ်ရင်းစိုးမိုးနယ်မြေက ပြည်သူတွေနဲ့ ပူးပေါင်းပြီး ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်နှင့် တရုတ် AI အသုံးချရေး နက်ရှိုင်းစွာ လုပ်ဆောင်မည်ဟု ဆို

အကြမ်းဖက်စစ်ကော်မရှင်ဟာ တရုတ်ထံက နည်းပညာ အကူအညီများစွာ ရယူနေပြီး အခုအခါမှာ AI အပါအဝင် ဒစ်ဂျစ်တယ်နည်းပညာအသစ်တွေ အသုံးချနိုင်ရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကော်မရှင်လက်အောက် သိပ္ပံနှင့် နည်းပညာဝန်ကြီး အောင်ဇေယျ အဖွဲ့နဲ့ ကွမ်ရှီးကွန်မြူနစ်ပါတီ အတွင်းရေးမှူး Mr. Chen Gang တို့တွေ့ဆုံမှာ အခုလို ပြောဆိုခဲ့တာပါ။
Read More

မင်းလှတွင် တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ကာကွယ်ရေးတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းရွာက လူငယ်အားမာန်စာကြည့်တိုက်မှာ ထားရှိထားတဲ့ စစ်ကော်မရှင် တရားမဝင်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မြေအောက်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု နောက်ပိုင်းမှာ အများကြီးဖြစ်လာနိုင်

စစ်မျက်နှာ အနှံ့အပြားမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အောက်ခြေတပ်သားတွေကို စစ်တပ်ကနေ ထွက်ခွင့်မပေးဘဲ ရှေ့တန်းပို့တာတွေကြောင့် နောင်မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ စစ်သားတွေ အများကြီး ရှိလာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။