စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ Fixed Wings ဒရုန်းလွှတ်တင်စဉ် မတော်ဆမှုဖြစ်ပွားကာ ပေါက်ကွဲခဲ့တဲ့ ရုပ်သံကို YE-U Freedom Comrades မှ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၄ ရက် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဒီပဲယင်းလမ်းထွက် စက်မှုလယ်ယာရုံးအနီးသို့ ရောက်ရှိလာတဲ့ အင်အား ၆၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို Fixed Wings ဒရုန်း ၃ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြေပြင်အခြေအနေအရ စစ်ကော်မရှင်တပ်သားတွေရဲ့ ထိခိုက်မှုကို မသိခဲ့ရဘဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရေဦးမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွား ကြောင်း သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲဘော်တွေ အထိအခိုက်မရှိခဲ့သော်လည်း Fixed Wings ဒရုန်း ၂ စီး ဆုံးရှုံးခဲ့ရ တယ်လို့ သိရပါတယ်။

Video-YE-U Freedom Comrades

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်မှာ လူထောင်ချီပူးပေါင်းပါဝင်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ပွဲ ပြုလုပ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေး လူထုလမ်းလျှောက်ချီတက်ပွဲပြုလုပ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လုံခြုံရေး အထပ်ထပ်ချထားသည့် ရန်ကုန်မြို့တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးလှုံ့ဆော် (ရုပ်/သံ)

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ ရန်ကုန်မြို့နေပြည်သူတွေကို စည်းရုံးလှုံ့ဆော်ခဲ့တယ်လို့ Yangon Revolution Force - YRF က နိုဝင်ဘာ ၁၃ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

CNO/CNDF အမှတ် (၁) ခြေလျင်တပ်ရင်း အကြပ်လောင်းသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အမှတ် (၁) ခြေလျင်တပ်ရင်း အကြပ်လောင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာနောက်ဆုံးပတ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ Chin National Organization က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့နယ် ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ဘုန်းကံရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် PKU တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခမရ ၅၉၈ တပ်ရင်းနှင့် သူရဲသူမိန်ကျေးရွာရှိ စစ်ကောင်စီလက်နက်ကြီးပစ်သည့်နေရာအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းနဲ့ ‌ဝေါမြို့နယ် သူရဲသူမိန်ကျေးရွာရှိ  စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်တဲ့နေရာကို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့  ပဲခူးခရိုင် ပကဖက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဟောင်ကောင်တွင် အထပ်မြင့်အဆောက်အအုံများ မီး‌လောင်မှုကြောင့် လူပေါင်း ၉၄ ဦး သေဆုံး (ရုပ်/သံ)

ဟောင်ကောင်မြို့မှာ Wang Fuk Court အထပ်မြင့်အဆောက်အအုံတွေ မီးလောင်မှုဖြစ်ပွားပြီး လူပေါင်း ၉၄ ယောက်သေဆုံးကာ ၇၆ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိပြီး ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။