ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) ထဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲနဲ့ အရပ်သားပြည်သူရှိရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချခဲ့တာဖြစ်တယ်လို့ TNLA ကထုတ်ပြန်တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၉)ရက်ကလည်း ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းအုပ်စု၊ လွယ်ခေါ်ရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၃)လုံးနဲ့ ဒရုန်းနဲ့ ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်လို့ လယ်ယာစိုက်ခင်းတွေ ထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်အောင် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ ကုန်ကျစရိတ်သက်သာစေဖို့ ဆောင်ရွက်နေ

MNDAA က လားရှိုးမှာ ကုန်စည်ဝယ်ယူရောင်းချမှုတွေ အဆင်ပြေလွယ်ကူစေဖို့ ရေရှည်အစီအမံတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ကျဉ်း ၆၀၀ လွှတ်တယ်ဟုဆိုကာ မြေပြင်မှာ ၃၀၀ ကျော်သာ လွတ်မြောက်လို့ လွတ်ငြိမ်းကို စစ်ကောင်စီ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာ ဖြစ်

လွတ်လပ်ရေးနေ့က  စစ်ကောင်စီ ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လွတ်မြောက်မယ်လို့ ပြောထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ထက် ထက်ဝက် လျော့နည်းနေတာကြောင့် စစ်ကောင်စီဟာ လွတ်ငြိမ်းကို အမြတ်ထုတ်သွားတယ်လို့  နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဇန်နဝါရီ ၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
Read More

ကချင်ပြည်နယ်ရှေ့တန်းစစ်မြေပြင်မှာ ဗမာ့တပ်တော်မှ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ကချင်ပြည်နယ်ရှေ့တန်းစစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ မိခင်တပ်ဖွဲ့ဖြစ်တဲ့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သံတောင်ကြီးတွင် မြေပြိုမှုများကြောင့် လူ ၈ ဦး ထက်မနည်း သေဆုံး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုမှုတွေဖြစ်ပွားခဲ့ရာ ကလေးငယ်တွေ အပါအဝင် လူ ၈ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွထံက ကနဦး သိရပါတယ်။ 
Read More

ဘားအံမှာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နှင့် အရေးပေါ်ကားများကိုပါ စစ်အုပ်စု ဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာ လိုင်စင်မဲ့ ကားနဲ့  ဆိုင်ကယ်မှန်သမျှကို စစ်အုပ်စုက ဖမ်းဆီးတဲ့အပြင် အရေးပေါ်ကားတွေပါ ဖမ်းဆီးနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။
Read More

ဝေါမှာ စစ်ကောင်စီတပ်ကင်းကို ချောင်းမြောင်းတိုက်ခိုက်ရာ စစ်သား ၁ ဦးသေ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာမှာ ကင်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ချောင်း​မြောင်းတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။