စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းစစ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ ရဲ့ တပ်ရင်းမှူး ဦးဘဂျမ်းဆီက သိရပါတယ်။

ပုလဲမြို့နယ် စစ်ကြောင်းမှာ ပါဝင်လာတဲ့ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ တပ်သား ကိုနိုင်ရဲလင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က MA-1 တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်အ တောင့် ၅၀၀ ၊ လက်ပစ်ဗုံး ၁လုံးတို့နဲ့အတူ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

အလင်းဝင်တပ်သား ကိုနိုင်ရဲလင်းကို ယင်းမာပင်ခရိုင် တပ်ရင်း (၃၁) တပ်ရင်းမှူး ဦးဘဂျမ်းကလည်း ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ပေးခဲ့တယ် လို့ သိရပါတယ်။
တပ်သား ကိုနိုင်ရဲလင်းဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပေါ်တာစွဲ လူသစ် စုဆောင်းတာကို ခံခဲ့ရပြီး အပတ်စဥ် (၈) သင်တန်းကို ၂၀၂၄ ခုနှစ် မှာဆင်းခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ထဲမှာ ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့တွေထံ ထွက်ပြေးခိုလှုံကြဖို့ ကိုနိုင်ရဲလင်းက ဖိတ်ခေါ်ထားပါသေးတယ်။

“ကျနော့်လိုပဲ အခြားရဲဘော်တွေလည်း အလင်းဝင်ချင်ရင် ယင်းမာပင်ခရိုင် တပ်ရင်း ၃၁ မှာ အလင်းဝင်လို့ ရပါတယ်။ အခြားတပ်ရင်းတွေမှာလည်း အလင်းဝင်လို့ရပါတယ်။ အဆင်လည်း ပြေပါတယ်၊ ဘာမှ မဖြစ်ပါဘူး၊ သူတို့ (PDF)တွေ သတ်မယ်၊ ဖြတ်မယ်ဆိုတာလည်း (စစ်တပ်) လျှောက်ပြောနေတာပါ၊ တကယ်ပြည်သူတွေကို သတ်နေတာ သူတို့(စစ်တပ်) ပါ “လို့ အလင်းဝင်လာတဲ့ ကိုနိုင်ရဲလင်းက ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ကလေးဝမြို့နယ် ပကဖ ထံ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ကို ဆက်သွယ်ပြီး စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ကလေးဝမြို့နယ် ပကဖ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်၏အကြမ်းဖက်မှုများ ရပ်တန့်စေရန်အတွက် အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတကာကို ကေအဲန်ယူ‌တိုက် တွန်းတောင်းဆို

“ကေအဲန်ယူအနေဖြင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းအား အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်စေရန်နှင့် ယင်းရာဇဝတ်မှုများအတွက် တာဝန်ခံမှုယူစေရန် ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် တိုက်တွန်းအပ်ပါသည်”လို့ ဒီဇင်ဘာလ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်ချက်မှာ ကေအဲန်ယူက ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။
Read More

ခမရ (၅၅၈) မှ အဓမ္မတပ်သားစုဆောင်းခံခဲ့ရသည့် စစ်သား (၂) ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၅၅၈) မှာ တာဝန်ကျနေတဲ့ စစ်သား ၂ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၃၃ ၊ ဒေါနစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ် လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေသာ့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးပေါ်မှာ လမ်းပိုင်းလုံခြုံရေးကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (NMSP-AD/RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှာ ရက္ခိုင့်တပ်တော် AA က လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေး ဆောင်ရွက်နေ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တချို့မှာ AA တပ်ဖွဲ့ဝင်တွေနဲ့ DLEPS တပ်ဖွဲ့ဝင်တွေက ခရီးသွားပြည်သူတွေ လုံခြုံရေးနဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေ‌ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။