တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်−ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ယက္ကန်းစင်ဘုန်းကြီးကျောင်းရှိ စစ်ကော်မရှင် တပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှု ၂ ရက်ခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှု ၂ ရက်အတွင်း စစ်ကော်မရှင်တပ်က တပ်ကြပ်ကြီးအဆင့် (၂) ယောက်အပါ ၇ ယောက် သေဆုံးကာ ဒုဗိုလ်မှူးကြီးအပါ ၅ ယောက် ဒဏ်ရာရှိခဲ့ပြီးနောက် ကျန်တဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း MA 1 ၁ လက် ၊ ကျည်ဘောက် ၄ ခု ၊ 79 (၂) လုံး ၊ ၆၀ မမ (၂) လုံး နဲ့ ၅.၅၆ကျည် (၂၀၀) တောင့်ကို သိမ်းဆည်းရရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ကလည်း ရဲဘော်တစ်ယောက် ကျဆုံးသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ်ကြောင်း ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) ၊ ဧဒင်မှူးပျောက်ကျားတပ်ဖွဲ့ ၊ က္လားသစ္ဏတ် (ကျားသစ်နက်) ၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့ ၊ Dawei Guerrilla Revolutionary Force ( DGRF) ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ ဒေါနတပ်ခွဲ (၇) ၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

လုံခြုံရေးအရ အာမခံနိုင်မယ့် မဲဆန္ဒနယ် ၁၆၀ ကျော်မှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေ

၂၀၂၅ မှာ စစ်ကောင်စီဘက်ကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ မဲဆန္ဒနယ် ၁၆၀ ကျော်လောက်ပြုလုပ်နိုင်မယ့် အနေအထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဆက်သွယ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်…

အကြမ်းဖက်စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သူမနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
Read More

စဉ့်ကူးမှာ စျေးဆိုင်များကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၁၁) ဦး သေဆုံး၊ အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအဝင် ပြည်သူ (၁၁) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြား စစ်ကောင်စီနှင့် PDF ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၆ ဦး သေပြီး ထိခိုက်ဒဏ်ရာရသူ များပြား

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်တဲ့ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တောင်တွင်းကြီး-ဆတ်သွား ရိုးမပတ်လမ်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

စလင်းမှာ အထိနာထားသည့် စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ​တွေက လူတစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ စလင်းမြို့နယ်​မြောက်ဘက်အခြမ်းမှာ အကြမ်းဖက်စစ်ကြောင်း ဝင်​ရောက်နေတဲ့အတွက် ရွာပေါင်း ၇ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ကရင်နီမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၈ ခုထက်မနည်း စစ်ကောင်စီက ကျူးလွန်ခဲ့

ကရင်နီပြည်နယ်တဝန်းမှာ စစ်ကောင်စီက  ၂၀၂၄ ခုနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု (၁၀၈) ခု ထက်မနည်း ပြုလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ဒီနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။