အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တပ်နယ်မိသားတွေနဲ့ တွေ့ဆုံပွဲမှာ စစ်တပ်အတွက် နာမည်ကောင်းကျန်အောင် လုပ်ဆောင်ဖို့နဲ့ လူမှုကွန်ရက်အသုံးပြုရာမှာလည်း မိမိနဲ့ မိမိအဖွဲ့အစည်းကို မထိခိုက်စေဘဲ အသုံးပြုဖို့ မှာကြားသွားခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ထုတ်ပြန်ပါတယ်။

“ကာကွယ်ရေးစွမ်းပကား တိုးတက်စေရေး ဆောင်ရွက်သွားဖို့အပါအဝင် မိမိကိုယ်ကိုကောင်းအောင် ထိန်းသိမ်းဆောင်ရွက်ကာ နိုင်ငံတော်နဲ့ စစ်တပ်ကို ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် စစ်တပ်ကို နာမည်ကောင်းကျန်အောင် လုပ်ဆောင်ရမယ်” လို့ တစ်နိုင်ငံလုံးလှည့်ပတ်ဗုံးကြဲပြီး ပြည်သူကို အကြမ်းဖက်နေနေတဲ့ မင်းအောင်လှိုင်က ခပ်တည်တည်တဲ့ ပြောဆိုသွားခဲ့တာပါ။

ဒါ့အပြင် သတင်းမီဒီယာခေတ်ဖြစ်တာကြောင့် လူမှုကွန်ရက်တွေ အသုံးပြုရာမှာလည်း အကျိုးမဲ့ဖြစ်စေပြီး မိမိနဲ့ မိမိအဖွဲ့အစည်းကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်မျိုး မဖြစ်အောင် တစ်ဦးချင်း အသိတရားနဲ့ အသုံးပြုဖို့ လိုအပ်သလို တာဝန်ရှိသူတွေကလည်း စစ်ဆေးကြပ်မတ်ပေးဖို့ လိုတယ်လို့ မင်းအောင်လှိုင်က ပြောဆိုခဲ့ပါသေးတယ်။

အကြမ်းဖက်မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့စစ်တပ်အတွင်းသာမက Non CDM ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ လူမှုကွန်ရက်အသုံးပြုမှုကိုပါ အမြဲတစေ စောင့်ကြည့်ထိန်းချုပ်ဖို့ ညွှန်ကြားထားပြီး လူမှုကွန်ရက်မှာ သူနဲ့ သူ့ရဲ့စစ်တပ်ကို ထိခိုက်အောင် ပြောဆိုလုပ်ကိုင်နေတယ်လို့ထင်တဲ့ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးထောင်ချတာတွေ ရှိနေပါတယ်။
0 Shares:
You May Also Like
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ မှ တပ်ခွဲမှူး တော်လှန်ရေးရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၃) တပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံ ပြည်သူတွေကို ပကဖ ကူညီ

မြန်မာနိုင်ငံအလယ်ပိုင်း ထိုးဖောက်ရေးမှာ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံနေရတဲ့ ဒေသခံပြည်သူတွေကို ပဲခူးတိုင်း ပကဖ ရဲဘော်တွေ နဲ့ လူသားစာနာ တာဝန်ခံက သွားရောက်ကူညီနေတယ်လို့ သိရပါတယ်။
Read More

ဝမ်းတွင်းက စစ်မှုထမ်း အလိုရှိစာရင်းထဲ သံဃာတော်တွေ ပါဝင်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာက စစ်မှုထမ်းစာရင်းထဲမှာ သံဃာတော် ၂ပါး ပါဝင်နေတယ်လို့ Voice of Wundwin ထံက သိရပါတယ်။ 
Read More

ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

စဉ့်ကူးမြို့ပေါ် မြသိန်းတန်ဘုရားကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စဉ့်ကူးမြို့ပေါ်က မြသိန်းတန် ဘုရားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် စစ်သား ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်စစ်တပ်က စစ်သား ၄ ယောက် အလင်းဝင်လာခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာ - LL.S.B.F တပ်ဖွဲ့ထံက သိရပါတယ်။