တနင်္သာရီတိုင်း ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၈ ရက်က အင်အား ၆၀ ခန့် တပ်စွဲထားတဲ့ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီကြာဖြစ်ပွားခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၃ ယောက်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဂိတ်စခန်းကို ခလရ ၂၇၃ တပ်ရင်းမှ စစ်ကူယာဉ် ၄ စီးနဲ့ ထပ်မံရောက်ရှိလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃(KBDF) ၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ-၇ (LPF) ၊ရာမညမွန်တပ်တော် (RMA)၊ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း-T1 ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့နဲ့ ဗထူးတပ်မတော် (B.H.A) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြားပြည်သူ ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Video-နဂါးနီပြောက်ကျားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

သြစတြေးလျနိုင်ငံ ဘွန်ဒီကမ်းခြေမှာ အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဂျူး ဟာနူကာပွဲတော်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း လူ ၁၀ ဦးသေဆုံးခဲ့ပါတယ်။
Read More

ကျိုက်ထိုမြို့နယ် လက်ပံပင်သုဿန်အနီးရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၂ ယောက်သေ (ရုပ်/သံ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပံပင်သုဿန်အနီး အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) ထံက သိရပါတယ်။
Read More

နောင်ချိုမြို့ လူနေရပ်ကွက်ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းက TNLA သိမ်းပိုက်ထားတဲ့ ‌နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဒီနေ့ (စက်တင်ဘာ ၁၉ရက်) မနက် ၃ နာရီဝန်းကျင်ခန့်က ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

နခခ ၅ တပ်ကို AA မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီ တောင်းခံနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံလာ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့ နယ်ခြားစောင့်တပ်ခွဲ နခခ ၅ ကို အာရက္ခတပ်တော် AA က မသိမ်းပိုက်မီ စစ်ကောင်စီတပ်သားတွေ အကူအညီတောင်းခံနေတဲ့ ရုပ်သံဖိုင် ၁ ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ငွေတွင်းစခန်းမှ ရိက္ခာသယ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစစ် ကြောင်းကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ‌ယောက် ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူအတွင်းရှိ စစ်အုပ်စုအထိုင်ချထားတဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ ထွေအုပ်ရုံးကို မီးရှို့ရှင်းလင်းခဲ့ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်အုပ်စုအထိုင်ချ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်မနေ့က ရေဖြူမြို့နယ်အတွင်း စစ်အုပ်စု အင်အား ၃၀ ကျော် ရှိနေတဲ့ မြို့နယ်ထွေအုပ်ရုံး၊ ဌာနဆိုင်ရာရုံးများရှိရာ စုပေါင်းရုံးနဲ့ မြို့မရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရတာပါ။