မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသားများ သေဆုံးခဲ့မှုဖြစ်စဉ် နဲ့ ပတ်သက်ပြီး အမှတ်တကယ်ဖြစ်ပွားခဲ့ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီကနေ့ စက်တင်ဘာ ၂၀ ရက်မှာ ထပ်မံအတည်ပြု ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့က အိုးဘိုအကျဉ်းထောင်ထဲမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ထိုဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသား(၁၇)ဦး နဲ့ အခြားရာဇဝတ်အကျဉ်းသား (၄)ဦး သေဆုံးခဲ့ကြောင်းနှင့် အခြားထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း PPNM ကထပ်မံအတည်ပြု ထုတ်ပြန်ခဲ့တာပါ။

PPNM အနေနဲ့ အိုးဘိုအကျဉ်းထောင်အတွင်း အသက်ပေးခဲ့ရသူ တစ်ဦးချင်းစီအတွက် တရားမျှတမှုရရှိရန် ဆက်လက်ဖော်ထုတ်ပြီး မှတ်တမ်းများထားရှိကာ လူ့ဂုဏ်သိက္ခာရရှိရေးနဲ့ ယင်းဖြစ်စဉ်အတွင်း ကျူးလွန်သူများအား ဝာာဝန်ခံရစေရေးအတွက် ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အိုးဘိုအကျဉ်းထောင်ကိစ္စနဲ့ပတ်သက်ပြီး ဩဂုတ် (၁၇) ရက်နေ့က သတင်းထုတ်ပြန်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ အကျဉ်းထောင်တွင်း လူသူမသိပဲ သေဆုံးရတဲ့ဖြစ်စဉ်ကြောင့် ထောင်တွင်း အသက်ပေးဆပ်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား(၁၇)ဦး ရဲ့ အသက်ရှင်သန်ပိုင်ခွင့် (Right To Life) ချိုးဖောက်ခံခဲ့ရခြင်း၊ သတင်းဖျောက်ဖျက်ခြင်းကြောင့် ကျဆုံးခဲ့ရတဲ့ အသက်များအတွက် အချည်းနှီးဖြစ်စေနိုင်ခြင်း နဲ့၊ ၄င်းတို့အတွက်တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာ တိုအတွက် အချက်အလက်များကို စနစ်တကျပြုစု အတည်ပြုပြီး ထုတ်ပြန်ခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အဓိကရည်ရွယ်ချက်တော့ အကျဉ်းထောင်ထဲမှာ လူမသိသူမသိ သေဆုံးသွားတဲ့ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ဖို့ နဲ့ ထောင်ထဲမှာ အသက်ပေးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားတစ်ယောက်ချင်းစီရဲ့ ဂုဏ်သိက္ခာ၊ သတင်းဖျောက်ဖျက်ခံလိုက်ရတဲ့အတွက် နှစ်နာခံရတဲ့ မိသားစုဝင်တွေ၊ ကိုယ်တိုင်အသက်ပေးလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ကျနော်တို့အဖွဲ့အနေနဲ့နဲ့ တရားမျှတမှု ပြန်လည်ရရှိဖို့နဲ့ ဒီဖြစ်စဉ်က တကယ်ဖြစ်ခဲ့တယ် ဆိုတဲ့ ခိုင်မာတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကျနော်တို့က ပြည်သူလူထုကို၊ ပြီးတော့ဝေဝါးနေတဲ့သူတွေကို ကျနော်တို့အသိပေးချင်တဲ့အတွက် အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး စစ်ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း နဲ့ မန္တလေးမြို့ခံအချို့ကတော့ အိုးဘိုထောင်တွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဟာ မဟုတ်မမှန်ကြောင်း ငြင်းဆိုတာတွေ ရှိခဲ့ပါတယ်။

ယင်းဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုဝင်တွေကို အကျဉ်းဦးစီးဌာနက “သြဂုတ်လ (၈)ရက်နေ့မှာ ပေါက်ကွဲမှုဖြင့်သာ သေဆုံးခဲ့ကြောင်း၊ အလောင်းကို အကျဉ်းထောင်အတွင်းမှာ သင်္ဂြိုလ်ပြီးစီးခဲ့ပြီးဖြစ်သဖြင့် နာရေးဆွမ်းသွပ်လိုပါက လုပ်နိုင်ပြီး၊ သတင်းမပေါက်ကြားစေရန် နဲ့ လုံခြုံရေး မထိခိုက်စေရန်အတွက် ဘုန်းကြီးကျောင်းသို့သာ ဆွမ်းချိုင့်ပို့ရမည်” ဟု ဖုန်းနဲ့ ဆက်သွယ်ပြောဆိုမှုများရှိခဲ့တာကို ကျဆုံးသူများနဲ့ ဆက်နွယ်တဲ့ ပုဂ္ဂိုလ်များထံမှတဆင့် အတည်ပြုနိုင်ခဲ့ကြောင်းကို ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ယင်းဖြစ်စဉ်ကို အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများအပါအဝင် ပြင်ပသို့ မပေါက်ကြားစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်း အမှောင်ချမှုကို စနစ်တကျ ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

အုတ်တွင်းတွင် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူးနှင့် ရဲဘော်ကို စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ပစ္စည်းသွားသယ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စန်းမြို့ရွာ စစ်ဘေးရှောင် ၃၀၀ ကျော်ကို ဆေးဝါးကုသပေးခဲ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စန်းမြို့ ရွာမှာ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က A.G.S(1)၊ C.E.C အဖွဲ့ဝင် (၁) ယောက် ပါဝင်ပြီး CDM သူနာပြု ဆရာမ ဦးဆောင်တဲ့ ဆေးတပ်သားတွေဟာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးနေရာ ပြည်သူ ၃၄၂ ယောက် ဆေးဝါးကုသပေးနိုင်ခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။
Read More

တရုတ်က ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အဖြူရောင်အနုပညာရှင်အဖြစ် နာမည်ခံထားသူတွေ ကြိုဆို

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) အစည်းအဝေးပွဲတွေကနေ ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အနုပညာရှင်တချို့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ခလရ ၂၆၉ မှ စစ်သား ၂ ဦး PDF Zoland ထံ လက်နက်နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၂ ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ ဒရုန်းတွေကို ကာကွယ်နိုင်မယ့် Drone Jammer ကို Federal Wingsက တီထွင်ထုတ်လုပ်

စစ်ကောင်စီရဲ့ ဒရုန်းတွေကို ကာကွယ်နိုင်ဖို့ Drone Jammer ကို အောင်မြင်စွာနဲ့ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Federal Wings တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၃ အတွက် ပြင်ဆင်နေတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး… (ဓာတ်ပုံသတင်း)

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ရဲဘော်တွေအနေနဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၃) အတွက် ပြင်ဆင်စုဖွဲ့နေကြတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။