ကချင်ပြည်နယ် ၊ ဖားကန့်မြို့ရှိ ၊ မရှီကထောင်အုပ်စု ၊ ထုံးဘိုကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက ဒရုန်းဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေ ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် မနေ့က မနက် ၉ နာရီလောက်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက ဒရုန်းဗုံးသီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အမျိုးသားတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက် ထိမှန်သေဆုံးကာ တစ်ယောက် ထိမှန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

“၃ ဦးမှာ ၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ပလုံကောက်ရောင်းနေရတဲ့ အခြေခံလူတန်းစားတွေပါ၊ ဘာထိတွေ့မှုမှမရှိပဲ ဒီအတိုင်းရမ်းသမ်းပစ်တာပါ၊ ဒဏ်ရာရတဲ့သူကတော့ အနည်းငယ် စိုးရိမ်ရပါတယ်”လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဒရုန်းထိမှန်ပြီး သေဆုံးသွားသူ ၂ ယောက်ဟာ သားအမိတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒရုန်းဗုံးသီးကြောင့် ထုံးဘိုကျေးရွာက နေအိမ် ၂ လုံးလည်း ထိမှန်ပျက်ဆီးသွားသလို လက်ရှိမှာတော့ ဒေသခံတွေဟာ ရှောင်တိမ်းတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကလည်း စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဆိပ်မူကျေးရွာ (ဆိုင်းတောင်) ရွာထဲ ကျရောက်ပေါက်ကွဲရာ ၉ နှစ်အရွယ်ကလေးတစ်ယောက် သေဆုံးပြီး ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုမှာ လုပ်ဆောင်ခဲ့သူတွေကို ဖမ်းမိပြီ ဟု စစ်ကောင်စီ ပြော

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

လောင်းလုံးတွင် စစ်တပ်နှင့်ပေါင်းပြီး အရပ်သားများကို အနိုင်ကျင့်နေသည့် ကျောက်နီမော်ရွာ ပျူစောထီးတစ်ဦးကို ဖမ်းမိခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်း‌လုံးမြို့နယ်မှာ ကျောက်နီမော်ရွာ ပျူစောထီးအဖွဲ့ဝင် ၁ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း SPECIAL GUERRILLA FORCE အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ သေဒဏ်ချထားတဲ့ CDM ရေတပ်သား ကိုပြည့်စုံဦး အင်းစိန်ထောင်ထဲမှာပဲ ကွယ်လွန်

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုပြည့်စုံဦးဟာ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားပြီဖြစ်ကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ ICC ဖမ်းဝရမ်းကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီ တုံ့ပြန်

နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်အပါအဝင် ICC ပြောဆိုချက်တွေကို ICC အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (၄)နှစ်ပြည့်အ ထိမ်းအမှတ်ပဒေသာကပွဲ ပြုလုပ်

မန္တလေးမြို့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ - YRF ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တာ မတ်လ ၂၆ ရက်မှာ (၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။