ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်သလင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်သားတွေကို ငွေပေးပြီး လောင်းကစားဝိုင်းလုပ်နေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Bamar Revolution Army ဆီက သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် မနေ့က ညပိုင်းမှာ နတ်တလင်းမြို့နယ်က စစ်ကော်မရှင်‌ဒေါက်တိုင် ရာအိမ်မှူး ဇော်မင်းနိုင်ကို သူ့ရဲ့နေအိမ်မှာပဲ တော်လှန်ရေးတပ်တွေက သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

” ရာအိမ်မှူးစလုပ်တာက စကစလက်အောက်ကျမှပါ၊ သူ့ကြောင့် ဖမ်းဆီးခံရတာမျိုးထက် ပေါ်တာအဆွဲခံရတာမျိုးတွေတော့ ရှိပါတယ်၊ သူလက်ထောက်ချတာပေါ့ ၊ စစ်တပ်ကို ငွေပေးပြီး လောင်းကစားဝိုင်း အဓိက ကြက်ဝိုင်း အမြဲလုပ်လေ့ရှိပါတယ်၊ နောက်ပြီး စစ်မှုထမ်းကြေးကောက်တာ၊ စကစတွေကင်းပတ်ရင် အတူလိုက်ပါတာတွေရှိပါတယ်” လို့ BRA တပ်ခွဲမှူး ရဲဘော်လကျ်ာက မောင်းသတင်းဌာနကို ပြောပါတယ်။

ဇော်မင်းနိုင်ကို သွားရောက်ရှင်းလင်းချိန်မှာလည်း သူဟာ ထွက်ပြေးဖို့ လုပ်ဆောင်တာမျိုးရှိပေမယ့် နေအိမ်ရှိ မိသားစုဝင်တွေကို ထိခိုက်မှုမရှိအောင် စစ်ဆင်ရေး ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

” သတိပေးစာမပို့ဖူးပါဘူး၊ ဘာလို့လဲဆိုတော့ သူ့ရွာက စကစနယ်မြေထဲမှာမို့လို့ပါ၊ သူ့အမေကြီးနေအိမ်မှာ ရှင်းလင်းခဲ့တာပါ ကြောက်ပြီး ဘယ်သူမှဝင်မပြောရဲကြဘူး၊ ကျနော်တို့ဖက်ကလဲ တခြားသူတွေမထိခိုက်အောင် ဂရုစိုက်ပြီး လုပ်ခဲ့ပါတယ်၊ ကျနော်တို့ကို မခုခံပါဘူး၊ ထွက်ပြေးဖို့တော့ လုပ်သေးတယ်” လို့ BRA တပ်ခွဲမှူး ရဲဘော်လကျ်ာက ပြောပါတယ်။

စစ်အုပ်စုရဲ့အလိုကျ ပြည်သူကို နှိပ်စက်တဲ့ ဘယ်သူ့ကိုမဆို BRA တပ်ဖွဲ့အနေနဲ့ လက်ပိုက်ကြည့်နေမှာမဟုတ်တဲ့အတွက် ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းကြဖို့ကိုလည်း တိုက်တွန်းသတိပေးထားပါတယ်။
ပုံစာ – ပစ်ခတ်ရှင်းလင်းခံရတဲ့ ရာအိမ်မှူး ဇော်မင်းနိုင်
0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက် သေဆုံး၊ နေအိမ် (၁)လုံးနှင့် ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး နေအိမ် (၁)လုံးနဲ့ ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လူနာလာခေါ်တဲ့ ပရဟိတကားကို စစ်တပ်က ရွာထဲအဝင်မခံတာကြောင့် မိုင်းထိသူ ‌သွေးထွက်လွန်ပြီး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာက အမျိုးသားတစ်ယောက်ဟာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်ထိကာ သွေးထွက်လွန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဒီးမော့ဆိုတွင် စစ်တပ် လက်နက်ကြီးကြောင့် မိဘ ၂ ပါးနှင့် အဘွားဖြစ်သူ သေဆုံး၊ အသက်မပြည့်သေးသည့် ကလေး ၃ ဦးသာ ဒဏ်ရာများနှင့် ကျန်ရစ်ခဲ့ 

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာမှာ မိသားစုတစ်စုကို ထိမှန်ခဲ့ပြီး မိဘ ၂ ပါးနဲ့ အဘွားဖြစ်သူတို့ သေဆုံးကာ အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ Free Burma Rangers က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ရွှေကျင်-သံဆိပ် ကားလမ်းပိုင်းတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်၊ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၇၀၃ (မီးနဂါးတပ်ဖွဲ့) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။